နေပြည်တော် ၂၇ နိုဝင်ဘာ

ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅၅)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါရှင်းလင်းပွဲအခမ်းအနားသို့ လိုင်စင်လျှောက်ထားရန် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး တက်ရောက်လိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ သန်းခေါင်စာရင်း၊ ကုမ္ပဏီဖြစ်ပါက My CO Company Extract တို့နှင့်အတူ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ (လိပ်စာ- အမှတ် ၂၆ (က) စက်မှုလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့)သို့ နိုဝင်ဘာ ၂၈၊ ၂၉ ရက်များတွင် ရုံးချိန်အတွင်း လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် စာရင်းပေးသွင်းထားသူများသာ ရှင်းလင်းပွဲသို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

ဂျိုင်းလော