နေပြည်တော် ဩဂုတ် ၁

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၄ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ နမ့်ဖာဟော်တံတားမှ အမျိုးသမီးလေးဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသားနှစ်ဦးကိုလည်းကောင်း၊ ယနေ့ တွင် ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားမှ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၀၁ ဦး စုစုပေါင်း ၂၀၇ဦးကိုလည်းကောင်း အသီးသီး လက်ခံခဲ့သည်။

ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များကကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန  ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကူညီဆောင်ရွက် ပေးကြသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့်ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိ သူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်