(၃၀-၇-၂၀၂၀ ရက်၊ နေပြည်တော်)
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပ နိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသား (၁၅၅) ဦး တို့အား စင်ကာပူနိုင်ငံ၏ (၁၂) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၃ ၀၀) နာရီ အချိန်တွင် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသား (၈၂) ဦးတို့အား Viet Jet ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၂ ၀၀) တွင်လည်းကောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။
၃။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ် များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားစုစုပေါင်း ( ၉၂၅၂ ) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။
Crd> Ministry of Foreign Affairs Myanmar