၁၆  ဧပြီ

COVID-19 ရောဂါကူးစက်ပျံ့နှံ့နေသော နိုင်ငံများမှ ပြန်လာကြသူများအနေဖြင့် ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း အစီအစဉ်(Community Based Facility Quarantine)ဆောင်ရွက်ရာတွင် တာဝန်သိစွာနှင့် ပူးပေါင်း ဆောင်ရွက်ပေးကြပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြပါ။ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် မိမိကိုယ်တိုင်ရောဂါဖြစ်ပွားပါက ထိရောက်စွာ ကုသမှုခံယူနိုင်မည့်အပြင် မိမိရဲ့ မိသားစု၊ မိတ်ဆွေများနဲ့ မိမိရပ်ရွာအတွင်း ရောဂါကူးစက်ပျံ့နှံ့ခြင်းကိုလည်း ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူများကလည်း မိမိတို့ရပ်ကွက်၊ ကျေးရွာအတွင်း နိုင်ငံခြားမှ ပြန်ရောက်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် သတင်းပို့ကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန