(၈-၁၂-၂၀၂၀ ရက်၊ ဆိုးလ်မြို့)
COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးလျက်ရှိရာ ၈-၁၂-၂၀၂၀ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၃၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၁၅ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ (၇၃)ဦး၊ ဆွစ်ဇာလန်မှ (၂) ဦး၊ အင်ဒိုနီးရှားမှ (၄) ဦး၊ တောင်အာဖရိကမှ (၁) ဦး၊ ဘယ်လ်ဂျီယံမှ (၂) ဦး၊ ကာတာမှ (၅)ဦး၊ ကနေဒါမှ (၁) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၅) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသားခရီးသည် (၉၃) ဦးတို့ စီးနင်းလိုက်ပါခဲ့ပါသည်။ လိုက်ပါမည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီး ဦးဆောင်သော သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
Crd - Ministry of Foreign Affairs Myanmar


