(၂၀-၁-၂၀၂၁ ရက်၊ ဆိုးလ်မြို့)
COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအရပ်ရပ်၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများအတွက် Dragon Tun Company ၏ စီစဉ်မှုဖြင့် ၂၀-၁-၂၀၂၁ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့သည်။
အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၅:၅၃ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၈၃) ဦး၊ ဖိလစ်ပိုင်မှ (၄) ဦး၊ ပနားမားမှ (၉) ဦး၊ အိုမန်မှ (၂) ဦး၊ ဂျပန်မှ (၂၅) ဦး၊ ကနေဒါမှ (၁) ဦး၊ တူရကီမှ (၁) ဦး၊ အာရပ် စော်ဘွားများပြည်ထောင်စုမှ (၄) ဦး၊ စုစုပေါင်း (၁၂၉) ဦးတို့မှ စီးနင်းလိုက်ပါသွားခဲ့သည်။ လိုက်ပါမည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
#Ministry of Foreign Affairs Myanmar


