COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပြည်ပမှ ကူးစက်မှုများ ကာကွယ် တားဆီးရေးအတွက်လည်းကောင်း၊ ခရီးသွားစဉ် မမျှော်လင့်သော ကန့်သတ်ချက်များနှင့် ကြုံတွေ့နိုင်ခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများ၊ အထူးသဖြင့် ရောဂါကူးစက်မှု မြင့်မားနေသည့်နိုင်ငံများသို့ မလွှဲမရှောင်သာ ကိစ္စများမှလွဲ၍ ခရီးသွားလာမှု ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

 

မြန်မာနိုင်ငံသားများအနေဖြင့် မလွှဲမရှောင်သာ၍ ပြည်ပခရီးသွားရောက်ရန်ရှိပါက ခရီးမထွက်ခွါမီ သွားရောက်မည့်နိုင်ငံနှင့် ဖြတ်သန်းမည့်နိုင်ငံများမှ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှု နောက်ဆုံး အချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများသို့ ဖြစ်စေ၊ မြန်မာသံရုံးများသို့ ဖြစ်စေ ဆက်သွယ်စုံစမ်းကြပါရန်လည်း နှိုးဆော်အပ်ပါသည်။

 

မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သူများအပေါ် အာဆီယံနိုင်ငံများနှင့် အခြားပြည်ပနိုင်ငံအချို့က ခရီးသွားလာမှုနှင့်ပတ်သက်၍ ကန့်သတ်မှုများကို အောက်ဖေါ်ပြပါအတိုင်း ချမှတ်ထားပါကြောင်း ပြည်သူများ သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်

Crd. Ministry of Foreign Affairs Myanmar

 

1123