(၁-၁-၂၀၂၁ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကမ္ဘာနိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၀၆) ဦးအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Dragon Tun ကုမ္ပဏီ၏ စီစဉ်မှုဖြင့် ၁-၁-၂၀၂၁ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်း ပြေးဆွဲ ပေးခဲ့ပါသည်။
၂။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့ သို့ ၁၅:၃၄ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယား နိုင်ငံမှ မြန်မာသင်္ဘောသား (၈၁) ဦး၊ ဖိလစ်ပိုင်မှ (၆) ဦး၊ ဗီယက်နမ်မှ (၇) ဦး၊ အင်ဒိုနီးရှားမှ (၁၀) ဦး၊ တရုတ်မှ (၁) ဦး၊ ပေါ်တူဂီမှ (၁) ဦး၊ စုစုပေါင်း (၁၀၆) ဦးတို့ လိုက်ပါသွားကြပါသည်။
၃။ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများက လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Crd. Ministry of Foreign Affairs Myanmar


