(၉-၁၂-၂၀၂၀ ရက်၊ ဆိုးလ်)

၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် သင်္ဘောဆင်းပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Crew Change Supporting Committee Myanmar  ၏ စီစဉ်မှုဖြင့် ၉-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)ဖြင့် အထူး ကယ်ဆယ်ရေး လေယာဉ် ပျံသန်း ပြေးဆွဲပေးခဲ့သည်။ 

၂။ အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၀၈ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၉၆) ဦး၊ စင်ကာပူမှ (၁) ဦး၊ ပြင်သစ်မှ (၁) ဦး၊ ချီလီမှ (၃) ဦး၊ ဖိလစ်ပိုင်မှ (၉) ဦး၊ အီဂျစ်မှ (၁) ဦး၊ တူရကီမှ (၃) ဦး၊ ပနားမားမှ (၁၂) ဦး၊ အင်ဒိုနီးရှားမှ (၅) ဦး၊ စုစုပေါင်း (၁၃၁) ဦး စီးနင်းလိုက်ပါသွားခဲ့သည်။ 

၃။ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

#Ministry of Foreign Affairs Myanmar