(၁၁-၁၁-၂၀၂၀ ရက်၊ ဆိုးလ်)

COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကိုရီးယား သမ္မတနိုင်ငံတွင် သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် ကိုရီးယားနိုင်ငံရှိ Myanmar Seafarers’ Employment Services Federation (MSESF) တို့၏ စီစဉ်မှုဖြင့် ၁၁-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရပါသည်။

အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ (၁၈:၁၂) နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ (၄၁) ဦး၊ ပနားမားမှ (၁၈) ဦး၊ မက္ကဆီကိုမှ (၃၆)ဦး၊ အင်ဒိုနီးရှားမှ (၆)ဦး၊ စင်ကာပူမှ (၃၉)ဦး၊ တောင်အာဖရိကမှ (၂)ဦး၊ ဗီယက်နမ်မှ (၁)ဦး၊ ဩစတြေးလျမှ (၁)ဦး၊ စုစုပေါင်း(၁၄၄)ဦးတို့ စီးနင်းလိုက်ပါသွားကြောင်း သိရပါသည်။

အဆိုပါခရီးစဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Crd - Ministry of Foreign Affairs Myanmar