(၁၆-၁၂-၂၀၂၀ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကိုရီးယားသမ္မတနိုင်ငံတွင် သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၃၃) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Crew Change Supporting Committee Myanmar တို့၏စီစဉ်မှုဖြင့် ၁၆-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။
၂။ အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၀၀ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၁၀၉) ဦး၊ ဂျပန်မှ (၉) ဦး၊ ပြင်သစ်မှ (၂) ဦး၊ အာရပ် စော်ဘွားများပြည်ထောင်စုမှ (၇) ဦး၊ စင်ကာပူမှ (၁) ဦး၊ အင်ဒိုနီးရှားမှ (၄) ဦး၊ ဖိလစ်ပိုင်မှ (၁) ဦး၊ စုစုပေါင်း(၁၃၃)ဦးတို့ စီးနင်းလိုက်ပါသွားပါသည်။
၃။ အဆိုပါခရီးစဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Crd>Ministry of Foreign Affairs Myanmar


