(၂၈-၁၂-၂၀၂၀ ရက်၊ ဆိုးလ်)

 

၁။   COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၃၈)ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Myanmar Seafarer Employment Services Federation (MSESF) တို့၏ စီစဉ်မှုဖြင့် ၂၈-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်း ပြေးဆွဲပေးခဲ့သည်။

 

၂။ အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇:၄၅ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှမြန်မာသင်္ဘော သား (၅၈) ဦး၊ ဂျပန်မှ (၇) ဦး၊ ပြင်သစ်မှ (၁) ဦး၊ဟောင်ကောင်မှ (၁) ဦး၊ ကိုလံဘီယာမှ (၆) ဦး၊ ဆီနီဂေါမှ (၂) ဦး၊ ဂျာမေကာမှ (၁၂) ဦး၊ အင်ဒိုနီးရှားမှ (၁၇) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၃) ဦး၊ ထိုင်းမှ (၃) ဦး၊ စင်ကာပူမှ (၁၄) ဦး၊ အီဂျစ်မှ (၁) ဦး၊ ဘရာဇီးလ်မှ (၂) ဦး၊ ပနားမားမှ (၄) ဦး၊ စပိန်မှ (၇) ဦး၊ စုစုပေါင်း (၁၃၈) ဦးတို့ စီးနင်းလိုက်ပါသွားသည်။

 

၃။ အဆိုပါခရီးစဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေး အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

#Ministry of Foreign Affairs Myanmar