(၃၀-၁၂-၂၀၂၀ ရက်၊ ဆိုးလ်မြို့)
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများအတွက် မြန်မာသံရုံးနှင့် Crew Change Supporting Committee Myanmar တို့၏ စီစဉ်မှုဖြင့် ၃၀-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့သည်။
၂။ အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၅:၅၀ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၇၇) ဦး၊ အင်ဒိုနီးရှားမှ (၂၅) ဦး၊ စင်ကာပူမှ (၄) ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စုမှ (၇) ဦး၊ ဂျာမနီမှ (၃) ဦး၊ ပြင်သစ်မှ (၂) ဦး၊ ဆိုက်ပရပ်စ်မှ (၈) ဦး၊ အီဂျစ်မှ (၁) ဦး၊ ဂျပန်မှ (၄) ဦး၊ စုစုပေါင်း (၁၃၁) ဦးတို့မှ စီးနင်းလိုက်ပါသွားခဲ့သည်။
၃။ အဆိုပါ ခရီးစဉ်၌ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
#Ministry of Foreign Affairs Myanmar


