(၁၈-၁-၂၀၂၁၊ ဆိုးလ်မြို့)

 

၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ အသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်း နေကြသည့် မြန်မာသင်္ဘောသားများအတွက် မြန်မာသံရုံးနှင့် Crew Change Supporting Committee Myanmar  ၏ စီစဉ်မှုဖြင့် ၁၈-၁-၂၀၂၁ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်း ပြေးဆွဲပေးခဲ့သည်။

 

၂။ အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၅:၄၈ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၁၀၃) ဦး၊ ဂျပန်မှ (၁၈) ဦး၊ အင်ဒိုနားရှားမှ (၂) ဦး၊ စင်ကာပူမှ (၅) ဦး၊ စုစုပေါင်း (၁၂၈) ဦးတို့မှ စီးနင်းလိုက်ပါသွားခဲ့သည်။

 

၃။ ခရီးစဉ်ဖြင့် လိုက်ပါသည့် ခရီးသည်များလေဆိပ်၌ အခက်အခဲ တစ်စုံ တစ်ရာ မရှိစေရေး အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 

#Ministry of Foreign Affairs Myanmar