ရေနံချောင်း  ၁၇   ဇွန်

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပြည်ပဈေးကွက်ဝင် အိတ်စပို့သီးနှံ ပဲစင်းငုံ ၁၁၈၂၉ ဧက လျာထားစိုက်မည်ဖြစ်ကြောင်း သိရသည်။

 

အညာဒေသ၌ ဇွန်လတွင် ပဲစင်းငုံကို သီးညှပ်စိုက်ပျိုးကြပြီး ရာသီဥတုဒဏ်ကြောင့် ပဲစင်းငုံနှင့်အတူ တွဲဘက်စိုက်ပျိုးသော နှမ်းပင်များသေကြေ ပျက်စီးသော်လည်း ပဲစင်းငုံမှာ ဖြစ်ထွန်းကြောင်း သိရသည်။

 

ရေနံချောင်း ပဲဈေးကွက်တွင် လက်ရှိပဲစင်းငုံ တစ်တင်းလျှင် ငွေကျပ် ၃၀ဝ၀ဝ ပေါက်ဈေးရှိကြောင်း ပဲဈေးကွက်မှသိရသည်။ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ် ပဲစင်းငုံ ဧက ၁၁၈၂၉ ဧက စိုက်ရန်လျာထားပြီး ဖြစ်ကြောင်း သိရသည်။

 

ဆန်းညွန့်(ရေနံချောင်း)