သတင်းဆောင်းပါး - ဗိုလ်သင်း (မီးသတ်)
ကျစ်လျစ်ခိုင်မာသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် ၇၃ နှစ်တိုင်ခဲ့လေပြီ။ မီးသတ်သမားဟူသည် ပရဟိတလုပ်ငန်းကို အခြေတည်သော လုပ်ငန်း ဖြစ်သည်။ ထို့ကြောင့် မီးသတ်သမားများသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ အကျိုးစီးပွားများကို မိမိတို့တွင်ရှိသော မီးသတ်ယာဉ်၊ မီးသတ်ပစ္စည်းကိရိယာများကို အသုံးပြု၍ အသက်စွန့်ပြီးကာကွယ်ခဲ့ကြသည်၊ ငြှိမ်းသတ်ခဲ့ကြသည်၊ လုံခြုံမှုပေးခဲ့ကြသည်၊ ကယ်ဆယ်ခဲ့ကြသည်။ ဟောင်းနွမ်းမီးသတ်ယာဉ်များကိုပင် အင်ဂျင်လဲလှယ်ခြင်း၊ ရေတိုင်ကီလဲလှယ်ခြင်း၊ ရေစုပ်၊ ရေပက်ပန့်များ လဲလှယ်ကြခြင်း၊ မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုးကို တီထွင်ဆောင်ရွက်ကြခြင်းတို့ဖြင့် မိမိတို့၏ရပ်ရွာနှင့်ပြည်သူများကို ရှိသမျှအင်အားဖြင့် တစ်ပိုင်တစ်နိုင်ကာကွယ်ခဲ့ကြသည်ကိုနယ်အဝေးဒေသများတွင် တွေ့ရှိနိုင်ပေသည်။
မြင့်မားသည့်စိတ်ထားများ
မီးသတ်တပ်ဖွဲ့ဝင်များ၏ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများစစ်ဆေးခြင်း၊ မီးဘေး အသိပညာပေးဟောပြောခြင်း၊ မီးလောင်မှုများ ဖြစ်ပွားပေါ်ပေါက်ပါက စနစ်တကျငြှိမ်းသတ် တတ်ကြစေရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ သရုပ်ပြခြင်း၊ မီးသတိပေးလှည့်လည်ဆော်ဩခြင်းတို့သည် မီးသတ်တပ်ဖွဲ့မှ “မီးမလောင်စေချင်သည့်စိတ်”ဖြင့်ကြိုးပမ်းဆောင်ရွက်နေကြခြင်းပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြည်သူလူထုအား မီးဘေးအန္တရာယ်ကင်းဝေးစေလိုသော မီးသတ်တပ်ဖွဲ့၏ဆန္ဒပင်ဖြစ်ပါသည်။ မီးသတ်ယာဉ် များကို အစဉ်အမြဲကောင်းမွန်အောင်၊ အသင့်ဖြစ်အောင်ဆောင်ရွက်နေကြခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ နေ့စဉ်လေ့ကျင့်ဆောင်ရွက်နေကြခြင်း စသည်တို့မှာလည်း “လောင်သည့်မီးကို အမြန်ဆုံး ငြိမ်းစေလိုသောစိတ်” ဖြင့် ဆောင်ရွက်နေကြခြင်းပင် ဖြစ်ပါသည်။ ဤသည်မှာ ခေတ်အဆက်ဆက် မီးသတ်သမားများ၏ မြင့်မားသည့်စိတ်ထားများပင်ဖြစ်ပါသည်။
တိုးချဲ့ဖွင့်လှစ်
ယခုအခါ နိုင်ငံတော်၏ပြောင်းလဲတိုးတက်လာခြင်းများထဲမှ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှုအရှိန်အဟုန်ကြောင့် အထပ်မြင့်အဆောက်အဦများ၊ ဟိုတယ်မိုတယ်များ၊ စူပါမားကတ်ကြီးများ၊ စက်မှုဇုန်များ ပေါ်ထွန်းလျက်ရှိပြီး အဆိုပါ အဆောက်အဦများတွင် နေထိုင်ကြသူများနှင့် လုပ်ငန်းလုပ်ကိုင်ကြသူများကြောင့်လည်းကောင်း၊ ခေတ်မီလျှပ်စစ်သုံးပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းအမျိုးမျိုးတို့ကို မဆင်မခြင်ပေါ့ဆ စွာသုံးစွဲရာမှ လည်းကောင်း၊ ဆီသိုလှောင်ကန်များကြောင့်လည်းကောင်း မီးလောင်မှုအမျိုးမျိုးဖြစ်ပွား လာနိုင်သဖြင့် မိမိတို့တွင်ရှိနေသော မီးသတ်ယာဉ်များ၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ၊ ကယ်ဆယ်ရေး သုံးပစ္စည်း ကိရိယာများကို အဆင့်မြှင့်ရန် လိုအပ်ခြင်း၊ လူနေအိမ်ခြေထူထပ်လာသော မြို့ရွာများအတွက် မီးသတ်စခန်းများ ပိုမိုဖွင့်လှစ်ရန်လိုအပ်လာခြင်း၊ တိုးတက်လာသော မီးသတ်စခန်းများအတွက် မီးသတ်တပ်ဖွဲ့ဝင်အင်အားများကိုတိုးချဲ့ရန်လိုအပ်လာသည်နှင့်အညီ ယနေ့မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တွင် တိုင်းဒေသကြီး/ပြည်နယ်ရုံး ၁၅ ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး ၇၄ ရုံး၊ ခရိုင်မီးသတ်စခန်းပေါင်း ၇၄ စခန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး ၃၃၀၊ မြို့နယ်မီးသတ်စခန်းပေါင်း ၃၃၀ နှင့် နယ်မြေမီးသတ်စခန်းပေါင်း ၇၀၃ စခန်းတို့ကိုတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။
အဆိုပါမီးသတ်စခန်းများ၌ သနေ ̈မီးသတ်တပ်ဖွဲ့ဝင် အရာထမ်း/ အမှုထမ်းပေါင်း ၁၂၈၅၇ ဦးတို့အား တာဝန်ချထားနိုင်ပြီး အရန်အင်အားအဖြစ်အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၁၉၇၃၀ နှင့် သီးသန့် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၁၈၇၄၄ ဦးရှိနေပြီဖြစ်ရာ ပြည်သူလူထုထံကျရောက်လာမည့် မီးဘေး အ္တရာယ်ကို ယခင်ကထက် ပိုမိုကာကွယ်ပေးနေပြီဖြစ်ပါသည်။ ထို့အပြင်ပိုလန်နိုင်ငံထုတ် ခေတ်မီအဆင့်မြင့် မီးသတ်ယာဉ်များကို နိုင်ငံတော်က ဝယ်ယူဖြည့်တင်းပေးမှုကြောင့် ယခုအခါ မီးငြှိမ်းသတ်ရေးယာဉ်၊ ရေသယ်ယာဉ်၊ အထောက်အကူပြုယာဉ်စသည့် မီးသတ်ယာဉ် စုစုပေါင်း ၃၄၈၈ စီးအထိ ဖြည့်ဆည်းထားရှိပြီးဖြစ်ပါသည်။
သတင်းလက်ဦးမှုရရှိရန်
မည်မျှပင် ဖြည့်ဆည်းထားရှိစေကာမူ ပြွတ်သိပ်နေသော လူနေ အိမ်ခြေများ၊ ထုထည်ကြီးမားသော စက်ရုံကြီးများနှင့် သိုလှောင်ရုံများ၊ ဈေးများ၊ ဆီသိုလှောင်ကန် စသည်တို့တွင် မီးလောင်မှုဖြစ်ပွားပါက သတင်း လက်ဦးမှုမရလျှင် (သို့မဟုတ်) ငြှိမ်းသတ်မှုလက်ဦးမှုမရလျှင် မီးလောင်မှုကြီးမားသွားတတ်ပေသည်။ သတင်းလက်ဦးမှုရရှိစေရန် မီးသုံးစွဲသူကိုယ်တိုင်က မီးလောင်မှုဖြစ်ပွားလျှင်ဖြစ်ပွားချင်း ကြိတ်မငြှိမ်းဘဲ ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းကြရမည် ဖြစ်ပါသည်။ ထိုအခါ မိမိတို့၏ ပတ်ဝန်းကျင်မှ သတင်းရရှိကာ ဝိုင်းဝန်းငြှိမ်းသတ်ကြခြင်းဖြင့် မီးရှိန်မကြီး မီမှာပင် ထိန်းသိမ်းငြှိမ်းသတ်ကြသဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်ကြပေမည်။ ဤနေရာတွင် တင်ပြလိုသည်မှာ အရပ်ထဲမှပြည်သူများ၏ ကြိုးပမ်း ငြှိမ်းသတ်မှုကြောင့် ငြိမ်းသွားသော မီးလောင်ရာသို့ မီးသတ်ကားများ ရောက်ရှိလာချိန်တွင် မီးသတ်တပ်ဖွဲ့ အပေါ် အချိန်မီမရောက်သဖြင့် ပြစ်တင်ဝေဖန်ရှုတ်ချ ပြောဆိုကြသည်။ ပြည်သူပဲ ငြှိမ်းငြှိမ်း၊ မီးသတ်ပဲ ငြှိမ်းငြှိမ်း မီးငြိမ်းဖို့က အဓိကဖြစ်ပါသည်။ မီးလောင်မှုဖြစ်ပွားလျှင် မီးသုံးစွဲသူသည် “ပထမလူ” ဖြစ်ပါသည်။ အနီးပတ်ဝန်းကျင်ရှိ လူများသည် “ဒုတိယလူ” ဖြစ်ပါသည်။ “ပထမလူနှင့်ဒုတိယလူ”များက သတင်းပို့မှ “တတိယလူ”ဖြစ်သည့် မီးသတ်သမားများက သိရှိပြီး မီးလောင်ရာသို့ အမြန်ရောက်ရှိမည်ဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များ သည် မီးလောင်သည်ကိုသိမှ လောင်သည့်နေရာသို့ ရောက်ရှိနိုင် မည်ဖြစ်သည်။ နေ့အချိန် မီးခိုး၊ ညအချိန် မီးရောင်တို့ကို မြင်တွေ့ရမှ (သို့မဟုတ်) ပြည်သူက သတင်းပေးမှ မီးသတ်တပ်ဖွဲ့က သတင်းရမည်၊ သတင်းရမှ မီးသတ်ကားထွက်မည်၊ ထိုသို့ထွက်ခွာရာမှာလည်း သွားလာရသည့် ခရီးအကွာအဝေး၊ ယာဉ်ကြောပိတ်ဆို့မှု၊ လမ်းပန်းချောမွေ့မှု၊ လမ်းကျဉ်းမြောင်းမှု၊ လမ်းကောင်း ပါသော်လည်း အတားအဆီး အပိတ်အပင်များကြောင့် မီးလောင်ပြင်သို့ချဉ်းကပ်ရန် ခက်ခဲကြန့်ကြာမှုများကိုလည်း တွေ့ရှိရပေမည်။ ဤတွင် ထိတ်လန့်နေသော၊ အလျင်လိုနေသော၊ ဆန ́စောနေသော ပြည်သူလူထုမှာ အားမလိုအားမရ ပြစ်တင်ဝေဖန်ကြတော့သည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့အနေဖြင့် သတင်းလက်ဦးမှုရမှ ငြှိမ်းသတ်မှုလက်ဦးမှု ရရှိနိုင်မည်ဖြစ်သဖြင့် အိမ်တိုင်းလိုလိုတွင် လက်ဝယ်ရှိနေသော တယ်လီဖုန်းများဖြင့် နီးစပ်ရာ မီးသတ်စခန်းများထံ သတင်းပို့အကြောင်း ကြားရန် လိုအပ်ပါသည်။ ထိုသို့အကြောင်းကြားရာတွင် တယ်လီဖုန်းနံပါတ်သိမှဆက်သွယ်နိုင်မည်ဖြစ်သဖြင့် မိမိတို့၏ နီးစပ်ရာ မီးသတ်စခန်း၏ ဖုန်းနံပါတ်များကို မိမိတို့၏ တယ်လီဖုန်းအတွင်း ထည့်သွင်းထားသင့်ပေသည်။ အလွယ်ကူဆုံးအနေဖြင့် မီးသတ်အရေးပေါ် ဖုန်းနံပါတ် “၁၉၁” ကို ခေါ်ဆိုနိုင်ပါသည်။ အကယ်၍ မိမိတို့၏ စက်ရုံ၊ အလုပ်ရုံ၊ ဈေး၊ ဟိုတယ်မိုတယ်စသည့် မည်သည့်အဆောက်အဦတွင်မဆို မီးသတ်စခန်း၏ ဖုန်းနံပါတ်များကို ရေးသားချိတ်ဆွဲမည်ဆိုပါကလည်း အခြားသောဌာနဆိုင်ရာ အမည်စာရင်းများနှင့်အတူစာရွက်တစ်ခုတည်းတွင် ရေးသားမထားသင့်ဘဲ မြင်သာအောင် စာလုံးကြီးကြီး ဖြင့် ရေးသားချိတ်ဆွဲထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ် မီးလောင်မှုဖြစ်ပွားပါက ထိတ်လန့်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ကြောင့် စာလုံး အသေးများကြားတွင် မီးသတ်စခန်း ဖုန်းနံပါတ်များကို ရှာမတွေ့ဘဲ ဖြစ်နေတတ်သည်။ ထိုကဲ့သို့ မိမိ၏လက်ထဲတွင်ရှိသော တယ်လီဖုန်းဖြင့် ဆက်သွယ်ကူညီမှုကြောင့် အများပြည်သူမီးဘေးအန္တရာယ်မှ ကင်းဝေးကြမည်ဖြစ်သဖြင့် မိမိတို့လည်း ကောင်းမှုကုသိုလ်ရရှိနိုင်ပေမည
သတင်းပို့ပေးစေလို
ခေတ်မီဖွံ့ဖြိုးမှု၏လမ်းကြောင်းပေါ်ဝယ် လူအများက တယ်လီဖုန်းကိုယ်စီသုံးနေကြသကဲ့သို့ မီးလောင်မှုဖြစ်ပွား ပါက မိမိတို့၏ လက်ထဲတွင်ရှိသော ဆက်သွယ်ရေးကိရိယာဖြင့် နီးစပ်ရာ မီးသတ်စခန်းသို့လည်း သတင်းပို့ပေးစေလိုပါသည်။ ယခုအခါ မီးလောင်မှုသတင်းများကို တယ်လီဖုန်းဖြင့် သတင်းပေးပို့ခြင်း ထက် လူကိုယ်တိုင်လာရောက်သတင်းပို့မှ သိရသည်ကများနေပါသည်။ တယ်လီဖုန်းဖြင့် သတင်းပေးပို့ရာ တွင်လည်း နေရာအတိအကျòန်ပြနိုင်လျှင်ပိုကောင်းပါသည်။ အကယ်၍ မီးမလောင်ဘဲနှင့် လောင်သည်ဟုလိမ်လည် သတင်းပို့ပါက ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေ၊ ပုဒ်မ ၂၆ အရ ပြစ်ဒဏ်ထိုက်သဖြင့် ပုဒ်မ ၃၆ အရ ထောင်ဒဏ်ကျခံရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် “မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မီးလောင်မှုသတင်းများကို မြန်မြန်သိနိုင်အောင် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် CCTV ကင်မရာကြီးများ တပ်ဆင်ကာ Command & Control Center မှ စောင့်ကြည့်ဆောင်ရွက်နေမှုကြောင့် အချို့မီးလောင်မှုများကို ပြည်သူလူထုထံမှသတင်းမပို့မီကပင် မီးသတ်ယာဉ်များ စေလွှတ်ပေးလျက်ရှိပါသည်။ အဆိုပါ ကင်မရာ များကြောင့် သတင်းလက်ဦးမှုရရှိသော်လည်း မီးလောင်မှု မကြီး ထွားခင် ပြည်သူလူထု၏သတင်းပေးပို့မှုသည် အဓိကကျလှပါသည်။ ထို့ကြောင့် မီးလောင်မှုသတင်းများကို ဖြစ်ပွားလျှင်ဖြစ်ပွားချင်း အမြန်ဆုံး သတင်းပို့ခြင်းဖြင့် ကူညီပေးစေလိုပါသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်များသွားရောက်ရာ၌ ညအခါတွင် အမြန်ဆုံးသွားရောက် ငြှိမ်းသတ်နိုင်သော်လည်း နေ့အခါတွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မြန်မြန်သွားရန်ခက်ခဲသည့်အတွက် မီးလောင်မှုသတင်းကို အမြန်ဆုံးရရှိရန်လိုပါသည်။ သတင်းအမြန်ရမှ အချိန်မီ ငြှိမ်းသတ်နိုင်မည် ဖြစ်ပေသည်။
ပါဝင်ပူးပေါင်းမှု လိုအပ်
မီးလောင်မှုဖြစ်ပွားပေါ်ပေါက်ပါက မြန်မြန်ငြှိမ်းသတ်နိုင်ရန်အတွက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ နိုင်ငံတော်မှ ခေတ်မီမီးငြှိမ်းသတ်ယာဉ်များ ဖြည့်တင်းပေးထားရုံမျှမက အရည်အသွေးပြည့်ဝသော မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်စေရန်လည်း နိုင်ငံတကာသို့သွားရောက်ကာ သင်ကြားစေလျက်ရှိပါ သည်။ ထို့အပြင် စွမ်းရည်မြင့်မားသော၊ ကျစ်လျစ်ခိုင်မာသော၊ စည်းကမ်း ပြည့်ဝသော မီးသတ်တပ်ဖွဲ့ဖြစ်လာစေရန်လည်း စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါသည်။ ယနေ့အချိန်အခါတွင် မီးဘေးအန္တရာယ်၊
အခြားသဘာဝဘေးအ္တရာယ်၊ ကပ်ရောဂါဘေးအ္တရာယ် သို့မဟုတ်ရုတ်တရက် ဖြစ်ပွားသော ဘေးအန္တရာယ်တစ်မျိုးမျိုးကျရောက်သည့်အခါ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မီးဘေးလုံခြုံရေးလုပ်ငန်း၊ သဘာဝဘေး အ္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည့်အပြင် ပြည်သူ့အကျိုးပြု လုပ်ငန်းတွင်လည်း အားတက်သရောကြိုးပမ်းဆောင်ရွက် မှုများကို အထင်အရှား တွေ့မြင်နေကြပြီဖြစ်သဖြင့် အထူးပြောဖွယ်ရာပင်မရှိတော့ပေ။ သို့သော် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်အတူ ပြည်သူအများ ပါဝင်ပူးပေါင်းမှုလိုအပ်နေပါသေးသည်။
ပြည်သူလူထု၏အားပေးမှုသည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အတွက်အားဆေးတစ်ခွက်ဖြစ်သကဲ့သို့ ပါဝင်ပူးပေါင်းမှုကြောင့်လည်း မိမိတို့ပြည်သူ လူထုအတွက် မီးဘေးအ္တရာယ်ကင်းဝေးကြမည် ဖြစ်ပါသည်။ ပါဝင် ကူညီဆောင်ရွက်ရမည့် လုပ်ငန်းများမှာ မိမိတို့၏ နေအိမ်တွင်မီးသုံးစွဲလျှင်သတိပြုပါ။ မိမိတို့သုံးစွဲသော မီးအမျိုးမျိုးကို ပြတ်အောင်ငြှိမ်းကြပါ။ လျှပ်စစ်ပစ္စည်းများကို သုံးစွဲသည့်အခါသတိရှိပါ။ မိမိတို့နေအိမ်ရှိမိသားစုတိုင်းက မီးသုံးစွဲမှုစည်းကမ်းများကို လိုက်နာကြပါ။ မိသားစုဝင်အားလုံး မီးသတိရှိကြပါ။ တစ်ဦးတစ်ယောက် သတိမထားလျှင် တစ်အိမ်လုံး လောင်သွားနိုင်ပါသည်။ ရပ်ကွက်ထဲတွင် အိမ်တိုင်း မီးသတိရှိပါ။ တစ်အိမ်သတိမထားလျှင် တစ်ရပ်ကွက်လုံး ကုန်သွားနိုင်သဖြင့် အားလုံးသတိရှိကြ ရမည်ဖြစ်ပါသည်။ ထို့ကြောင့် မီးလောင်မှုမဖြစ်စေရန် ပြည်သူလူထု၏ အားကို လိုအပ်နေပါသည်။ အကယ်၍ မိမိ၏ပတ်ဝန်းကျင်၌ မီးလောင်မှုဖြစ်ပွားပါကလည်း ချက်ချင်းဝိုင်းဝန်းငြှိမ်းသတ်ကြပါ။ မီးလောင်နေသည်ကိုမြင်တွေ့သည့် ပြည်သူများကလည်း နီးစပ်ရာ မီးသတ်စခန်းသို့ အမြန်ဆုံး ဖုန်းနံပါတ် “၁၉၁”ကို ခေါ်ဆိုဆက်သွယ်အကြောင်းကြားခြင်းဖြင့် ပြည်သူအများက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းတင်ပြလိုက်ရပါသည်။