ပြည်သူ့အကျိုးအတွက် ဆိုလာစနစ်များ ဆောင်ရွက်       

နေပြည်တော် ဇန်နဝါရီ ၃၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ပြည်ညောင် အပါချီဘိလပ် မြေစက်ရုံရှိ လျှပ်စစ်ဓာတ်အားပေးစနစ်များကို စစ်ဆေးပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးအတွက် ရုပ်ကြွင်းလောင်စာများ အစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ အကျိုးရှိရှိ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲခြင်းကို မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးစွာ တာဝန်ရှိသူများက စက်ရုံလိုအပ်သော လျှပ်စစ်ဓာတ်အားအတွက် မြေ ၁၂ ဧက အပေါ်တွင် ၅၃၅ ဝပ်အား Monocrystalline ဆိုလာမော်ကျူး ၉၁၂၈ ခု၊ ၂၁၅ ကီလိုဝပ် Smart String Inverter ၂၁ ခု၊ ၆.၃/၀.၈ ကေဗွီ၊ ၃၁၅၀ ကေဗွီအေ Box Type ထရန်စဖော်မာ ၂ လုံးတို့ဖြင့် တပ်ဆင်ထားသည့် ၄.၈ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး မြေစိုက်ဆိုလာ (Ground-mounted) ဓာတ်အားပေးစနစ်နှင့် ၈ မဂ္ဂါဝပ် စွန့်ပစ်အပူသုံးရေနွေးငွေ့ ဓာတ်အား ပေးစနစ် (WHR-Waste Heat Recovery System) တို့မှ ထုတ်လုပ်သော ဓာတ်အားများကို ပေါင်းစပ်၍ ဓာတ်အားစနစ် (Grid) နှင့် သဟဇာတဖြစ်အောင် Synchronize ပြုလုပ်သုံး စွဲသဖြင့် ဝန်အားပမာဏ၏ ၃၂ ရာခိုင်နှုန်း ခန့်အား ဓာတ်အားစနစ်မှ ရယူသုံးစွဲမှု သက်သာစေ ကြောင်း၊ ဆက်လက်၍ ၄ မဂ္ဂါဝပ် မြေစိုက် ဆိုလာစနစ်အား တိုးချဲ့တပ်ဆင်အသုံးပြုရန် ရှိ ကြောင်း တင်ပြပြီး CEO ဦးအောင်ဇော်နိုင်က တိုးချဲ့ဆိုလာစီမံကိန်း ပြီးစီးနိုင်မည့်ကာလ၊ ထပ်မံတိုးချဲ့မည့် ၂၀.၇ မဂ္ဂါဝပ် ဇီဝလောင်စာနှင့် အပူစွမ်းအင်တွဲဖက်စက်ရုံ (CPP-Captive Thermal Power Plant) ပြီးစီးပါက စုစုပေါင်းထုတ်လုပ်လျှပ်စစ်စွမ်းအား ၃၇.၆ မဂ္ဂါဝပ်အထိ ရှိလာမည်ဖြစ်ကြောင်း ဖြည့်စွက်တင်ပြသည်။ 

တင်ပြချက်များစပ်လျဉ်း၍ ဒုတိယဝန်ကြီး က ဤဘိလပ်မြေစက်ရုံရှိ ကိုယ်ပိုင်လျှပ် စစ်ထုတ်စနစ်မှ သုံးစွဲသဖြင့် Grid အပေါ် မှီခိုမှု လျော့ကျစေပြီး Grid မှ ပြည်သူများအတွက် ဓာတ်အားများ ပိုမိုပေးနိုင်မည်ဖြစ်ရာ ပြည်သူများအတွက် အကျိုးကျေးဇူးရှိလှကြောင်း၊ ဆို လာစနစ်နှင့် ဇီဝလောင်စာစနစ်များမှ ထုတ်ယူသုံးစွဲခြင်းသည် နိုင်ငံတော်ရှိ ပေါကြွယ်ဝသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းမြစ်များအား စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကျိုးရှိစွာ အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းစနစ်များအား စွန့်ပစ်အပူသုံး ဓာတ်အားပေးစနစ်နှင့်ပါ တွဲဖက်အသုံးပြုသဖြင့် လေထုလွှာအတွင်း ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ ထုတ်လုပ်မှုများ သိသာစွာ လျော့ကျစေမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေနိုင်သဖြင့် အကျိုးရှိလှကြောင်း၊ Energy Efficiency မြင့်မားစေရန် Smart Energy Management System အသုံးပြုရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လက်ရှိ မြေစိုက်ဆိုလာတပ်ဆင်ထားမှုနှင့် တိုးချဲ့ဆိုလာတပ်ဆင်မည့် မြေနေရာများကို စစ်ဆေးခဲ့ပြီး ထုတ်လုပ်စွမ်းအား (Power Quality) ကောင်းမွန်စေရေးအတွက် Performance Monitoring နှင့် Cleaning ပုံမှန်ပြု လုပ်ရန်၊ Mismatch Losses နည်းအောင် တပ်ဆင်သုံးစွဲရန်၊ ဆိုလာစနစ်နှင့် ဆက်စပ် ပစ္စည်းများ၊ Control Panel များကို Schedule အလိုက် ပြုပြင်ထိန်းသိမ်းရန်နှင့် လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်