နေပြည်တော်  ၁၇ မေ 


ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သတင်းစာရှင်းလင်းပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်တွင် အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများရှိပါကြောင်း။


အဆောက်အဦးစီးဌာန၏ ပြုပြင်ပြောင်းလဲတိုးတက်မှုဆောင်ရွက်ချက်များ အနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက ၂၀၁၈ ခုနှစ်(၆)လဘတ်ဂျက်တွင် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်း(၄၈)ခုကို စိစစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်   ပြည်ထောင်စုဝန်ကြီးဌာန(၂၅)ခုတို့မှ ၂၀၁၈ခု (၆)လ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း (၂၉၉၁)ခုကို တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီက  စိစစ်အတည်ပြု ပေးခဲ့ပါကြောင်း။


တတိယတစ်နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ်မောင်တောခရိုင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းများအတွက်  ရွာ(၄)ရွာတွင် Assemble Board House(၄၃)လုံးတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါကြောင်း။


ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အပ်နှံသော တရားလွှတ်တော်များ၊ ဆေးရုံကြီးများ၊ တက္ကသိုလ်ကောလိပ်များ၂၀၁၈ခု(၆)လ ဘဏ္ဍာရေးနှစ်တွင် (၃၈၄)ခု နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၃၁၉)ခု ဆောင်ရွက်လျက်ရှိပါကြောင်း။

 

1


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာန၊ အဆောက်အဦ သုတေသနဓါတ်ခွဲခန်းများရုံး (အထက်မြန်မာပြည်)နှင့်(အောက်မြန်မာပြည်)တို့က အဆောက်အဦများ အရည်အသွေး ထိန်းသိမ်းစစ်ဆေးခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး  ၂၀၁၈ခုနှစ်  (၆)လ     ဘတ်ဂျက်အတွင်း အဆောက်အဦးစီးဌာနမှ တာဝန်ယူ ဦးစီးဆောက်လုပ်သော တည်ဆောက်ရေးလုပ်ငန်း (၆၁)ခုအပြင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများနှင့်  အခြားဝန်ကြီးဌာနများက  အပ်နှံခဲ့သော တည်ဆောက်ရေး လုပ်ငန်း(၅)ခု၊ ၂၀၁၈-၂၀၁၉  ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း(၃၃) ခု တို့၏ အရည်အသွေး ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။


လမ်းဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်၌် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် မြစ်ကြီးနား-ဆွမ်ပရာဘွမ် - ပူတာအိုလမ်းတွင် ကွန်ကရစ်ခင်းခြင်း (၁၃/၁)မိုင် ၊ ကျောက်စီရေမြောင်း တည်ဆောက်ခြင်း (၂)မိုင်နှင့် လိုအပ်သောနေရာများတွင် ကျောက်စီမြေကာနံရံ တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း။


ကယားပြည်နယ်၌ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်းတွင် (၂၄)ပေ အကျယ် AC ခင်းခြင်း (၇) ဖာလုံ၊ Box Culvert တည်ဆောက်ခြင်း (၃) စင်း၊ တောင်ငူ-မော်ချီး-လွိုင်ကော် လမ်းတွင် Box Culvert တည်ဆောက်ခြင်း (၁၈)စင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တောင်ငူ-မော်ချီး- လွိုင်ကော် လမ်းအား JICA ချေးငွေဖြင့် လမ်း အဆင့်မြှင့်တင်ခြင်း၊ ဖားဆောင်း- မယ်ဆည်နန်-မယ်စဲ့ နန်းမန်းလမ်းတွင်(၁၈)ပေ အကျယ်ကတ္တရာခင်းခြင်း (၂/၄)မိုင်စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။ 


ကရင်ပြည်နယ်၌ ၂၀၁၈ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ)တွင် သထုံ-ဘားအံ-ကော့ကရိတ်- မြဝတီလမ်းတွင်( ၄ )လမ်းသွားတိုးချဲ့ခြင်း နှင့် မြေတာဘောင်ချဲ့ခြင်း၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတွင် RC တံတား တည်ဆောက်ခြင်း (၇)စင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊  

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တောင်ငူ- လိပ်သို- ယာဒို- လွိုင်ကော်- ဟိုပုံး လမ်းတွင်  JICA ချေးငွေဖြင့် လမ်းအဆင့်မြှင့် တင်ခြင်း၊  အိန္ဒု-ကော့ကရိတ်လမ်းတွင် ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

1


ချင်းပြည်နယ်၌ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) တွင်  မုံရွာ-ပုလဲ-ဂန့်ဂေါ-ဟားခါးလမ်းတွင် RC ရေထုတ်ပြွန် (၁၂)လုံးနှင့် ကျောက်စီ မြေထိန်းနံရံ (၃)စင်း၊ သိုင်းငင်း-တီးတိန်လမ်းတွင် RC ရေထုတ်ပြွန် (၇)စင်းနှင့် ကျောက်စီရေမြောင်း တည်ဆောက်ခြင်း (၁)မိုင် စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဟားခါး-မတူပီလမ်းအား (၁၈)ပေအကျယ် ကွန်ကရစ် ခင်းခြင်း (၁၀)မိုင်၊ မတူပီ-ပလက်ဝလမ်းတွင် (၁၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း (၁၀)မိုင်၊ တီးတိန်-တွန်းဇံ-ကျီခါး လမ်းတွင် (၁၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း (၄) မိုင်၊ ၁၂ပေအကျယ် ကတ္တရာလမ်းခင်းခြင်း (၁၈) မိုင် စသည့်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း။


စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလထိ)တွင် မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းတွင် (၁၈)ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း (၇) ဖာလုံ၊ Box Culvert တည်ဆောက်ခြင်းနှင့် တံတားကြမ်းခင်းချဲ့ခြင်း(၉)စင်း စသည့်လုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရွှေဘို-မြစ်ကြီးနားလမ်းတွင် (၁၈)ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း (၃၂/၃.၈၅) မိုင်၊ ရောင်ဟီး-ပင်လည်ဘူးလမ်းတွင် ကွန်ကရစ် ခင်းခြင်း(၁၃) မိုင်၊ သက္ကယ်ကျင်း- ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းတွင် အမာခံလမ်း ခင်းခြင်း (၁၁) မိုင်၊ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းတွင် (၁၈)ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း (၃/၃) မိုင်၊ မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်းတွင် JICA ချေးငွေဖြင့်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း။


တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လေညာ-ရတနာပုံလမ်းတွင် ကွန်ကရစ်ခင်းခြင်း (၃)မိုင်နှင့် ထားဝယ်-ထီးခီးလမ်းတွင် NEDA ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိပါကြောင်း။


ပဲခူးတိုင်းဒေသကြီး၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တောင်ငူ-မော်ချီး-ဒီမော့ဆိုလမ်းတွင် (၁၈)ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်း(၂) ဖာလုံ၊ RC Box Culvert တည်ဆောက်ခြင်း (၄)စင်း၊ ဒိုက်ဦး-စစ်တောင်းလမ်းတွင် JICA ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ တောင်ငူ- လိပ်သို- ယာဒို-လွိုင်ကော်- ဟိုပုံးလမ်းတွင် JICA ချေးငွေဖြင့် လမ်းအဆင့်မြှင်တင်ခြင်း၊ မုံရွာလမ်းတွင် RC Box Culvert တည်ဆောက်ခြင်း(၃)စင်း၊ မိုင်၊ ဖာလုံတိုင်စိုက်ထူခြင်း၊ တံတားတည်ဆောက်ခြင်း (၁)စင်း၊ မြေသားတာဘောင် တည်ဆောက်ခြင်း (၂/၄) မိုင်၊ ကတ္တရာလမ်းချဲ့ခြင်း (၁)မိုင် ပဲခူး-သနပ္ပင်-ခရမ်း-သုံးခွ-သန်လျင်လမ်းတွင် ကွန်ကရစ်လမ်းပုခုံး၊ ကွန်က ရစ်ရေမြောင်း၊ ပလက်ဖောင်းပြုလုပ်ပေးခြင်း (ဝ/၂) မိုင် စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
    

မကွေးတိုင်းဒေသကြီး၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မုံရွာ- ပုလဲ- ဂန့်ဂေါ-ဟားခါးလမ်းတွင် (၁၈)ပေအကျယ် ကတ္တရာလမ်းခင်းခြင်း  (၄) မိုင်၊ ဂန့်ဂေါ-ကလေးလမ်းတွင် (၁၈)ပေအကျယ်ကတ္တရာခင်းခြင်း(၆)ဖာလုံ၊ မင်းဘူး-အမ်းအပိုင်းတွင် (၁၈)ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၇)ဖာလုံ၊ ဂန့်ဂေါ-အိုက္ကား လမ်းတွင် ကျောက်စီရေမြောင်း တည်ဆောက်ခြင်း (၄၃၃၀)ပေ၊ ကျောက်စီရေမြောင်းနှင့် တွဲလျက် မြေထိန်းနံရံတည်ဆောက်ခြင်း (၉၈၄)ပေ ၊ RC ရေထုတ်ပြွန်တည်ဆောက်ခြင်း (၅)စင်း၊ နေပြည်တော်-တောင်ညို-မြို့သစ်-ကံပြား(မကွေး)လမ်းတွင် (၁၈)ပေအကျယ် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း(၆)ဖာလုံ ၊ နေပြည်တော်-တောင်ညို-ချောင်းနက် တောင်တွင်းကြီးလမ်းတွင် (၄၀)ပေ အကျယ် မြေတာဘောင်ချဲ့ခြင်း (၃) မိုင်၊ (၁၈)ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၄.၅)ဖာလုံ၊ ပခုက္ကူ-ဆိပ်ဖြူလမ်းတွင် (၁၈)ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်း (၇) ဖာလုံ၊ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူ လမ်းတွင် (၁၈)ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၄) ဖာလုံ စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။


မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) တွင် မန္တလေး-မိုးကုတ်လမ်းအား JICA ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီး နားလမ်းတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၁)မိုင်၊ (၁၈)ပေ အကျယ် ကတ္တရာ လမ်းချဲ့ခြင်း (၁)မိုင်၊ ရန်ကုန်- ပြည်- မန္တလေးလမ်းတွင် (၂၄)ပေ အကျယ် ကတ္တရာ လမ်းချဲ့ခြင်း (၃)မိုင်၊ တွင်းငယ်-မိုးမိတ်လမ်းတွင် (၁၈)ပေအကျယ်ကတ္တရာ လမ်းချဲ့ခြင်း (၁/၃)မိုင် စသည့်လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း။


မွန်ပြည်နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သံဖြူဇရပ်- ဘုရား သုံးဆူလမ်း တွင် ကတ္တရာလမ်းသစ်ခင်းခြင်း (၁/၂) မိုင်၊  မုဒုံ-ချောင်းနှစ်ခွ- မဲသရော-လှိုင်ကွယ်လမ်း တွင် AC ထပ်ပိုးလွှာခင်းခြင်း (၁) မိုင်၊ လေးကေ-ကတိုင်တိလမ်းတွင် မြေလမ်းပြုပြင် ထိန်းသိမ်းခြင်း၊ တရနာ-ဘုရားကုန်းလမ်းတွင် JICA ချေးငွေဖြင့် လမ်းအဆင့်မြှင့် တင်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။


ရခိုင်ပြည်နယ်၌၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) တွင် ငါးသိုင်းချောင်း - ဂွ - သံတွဲလမ်းအား World Bank ချေးငွေဖြင့် လမ်းအဆင့်မြှင့် တင်ခြင်း ၊ မောင်တော- ကျီးကန်းပြင်- ကြိမ်ချောင်း- အောင်သပြေ-ဗန္ဓုလလမ်းတွင် ၄၀ ပေ အကျယ် မြေတာ ဘောင်ချဲ့၍ အမာခံလမ်းခင်းခြင်း (၂/၇) မိုင်၊ မောင်တော (ကြိမ်ချောင်း) -တောင်ပြို-နယ်စပ်ခြံစည်းရိုး ချဉ်းကပ်လမ်းတွင် ၄၀ ပေအကျယ် မြေတာဘောင်ချဲ့၍ အမာခံ လမ်းခင်းခြင်း (၁/၂) မိုင်စသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျောက်ပန္ဒူ-အင်းဒင်- စေတီပြင်တောင် ကျော်လမ်းတွင် လမ်းအဆင့် မြှင့်တင်ခြင်း၊ ကြိမ်ချောင်း - ဂုပ္ပိတောင်ကျော် လမ်းတွင် အမာခံလမ်းခင်းခြင်း (၆/၅) မိုင်နှင့် RC တံတားတည်ဆောက်ခြင်း (၂)စင်း၊ ဥဒေါင်း-ညောင်ချောင်း-မေယုတောင်ကျော် လမ်းတွင် အမာခံလမ်း ခင်းခြင်းနှင့်  RC Box Culvert  (၆၀) စင်းတည်ဆောက်ခြင်း၊ သက်ကိုင်ညာ-ပဒဂါးတောင် ကျော်လမ်းတွင် လမ်းသစ်ဖောက်လုပ်ခြင်း၊ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်လမ်းတွင် ကွန် ကရစ်လမ်းခင်းခြင်း (၈) မိုင်နှင့် အမာခံလမ်းခင်းခြင်း (၃/၃) မိုင်၊ ငါးသိုင်းချောင်း-ဂွ-သံတွဲလမ်း တွင် World Bank ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း စသည့် လုပ်ငန်း များဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း။


ရန်ကုန်တိုင်းဒေသကြီးနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပဲခူး- သနပ္ပင်- ခရမ်း-သုံးခွ-သန်လျင်လမ်းတွင် ADB ချေးငွေ ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ မအူပင် - တွံတေး လမ်းတွင် သံကူကွန်ကရစ် မြေကာနံရံ (၄၁၀) ပေ တည်ဆောက်ခြင်း၊ တိုက်ကြီး-ဖောင်ကြီး-ပဲခူးလမ်းတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း (၁/၁)မိုင် ၊ အမှတ်(၇) လမ်းမကြီး (မြို့ပတ်လမ်း)တွင် ကတ္တရာ ခင်းခြင်း(၁)မိုင်၊ သန်လျင်-သီလဝါ လမ်းမကြီးတွင် JICA ချေးငွေဖြင့် လမ်း အဆင့် မြှင့်တင်ခြင်း၊ ကော့မှူး-ဝါးဘလောက် သောက်-သရက်တော လမ်းတွင် ကတ္တရာခင်းခြင်း (၁၃/၄)မိုင် စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။


ရှမ်းပြည်နယ်၌ ၂၀၁၈ ခုနှစ် (ဧပြီလမှစက်တင်ဘာလထိတွင်) ဟန်မြင့်မိုရ်- မြို့ကြီး-ရွာငံ-အောင်ပန်းလမ်းတွင်(၁၈)ပေအကျယ် ဒုအခြေခံလွှာ ချဲ့ခင်းခြင်း (၂/၁) မိုင်၊ တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံး လမ်းတွင် (၁၈)ပေ အကျယ် ဒုအခြေခံ လွှာချဲ့ခင်းခြင်း (၁၂/၂) မိုင်၊ Box Culvert တည်ဆောက်ခြင်း (၅)စင်း၊ ကွန်ကရစ် ရေပြွန်တည်ဆောက်ခြင်း (၁၀) စင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် လမ်းတွင်(၂၄)ပေ အကျယ် ကွန်ကရစ် ခင်းခြင်း (၅) ဖာလုံ၊ (၄၀) ပေအကျယ် လမ်းတာချဲ့ခြင်း၊ ကျောက်စီရေမြောင်း တည်ဆောက်ခြင်း (၁၁၄၈)ပေ၊ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း (၂/၄) မိုင်၊ ၂၄ ပေအကျယ် ကတ္တရာ လမ်းချဲ့ခြင်း (၁/၄) မိုင်၊ ဟန်မြင့်မိုရ်-မြို့ကြီး-အောင်ပန်းလမ်းအား JICA ချေးငွေဖြင့် လမ်းအဆင့် မြှင့်တင်ခြင်း၊ တောင်ငူ-လိပ်သို-ယာဒို-ဟိုပုံးလမ်းတွင် (၁၈)ပေအကျယ် ကတ္တရာလမ်းခင်းခြင်း (၁/၄) မိုင်နှင့် JICA ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ အောင်ပန်း- ပင်လောင်း-မိုးဗြဲ-လွိုင်ကော်လမ်း တွင် (၁၈)ပေ အကျယ် ကတ္တရာခင်းခြင်း (၂/၂) မိုင်၊ Box Culvert တည်ဆောက်ခြင်း (၆)စင်း၊ မိုင်းပန်-မုံးထ-မုံးထော်လမ်းတွင် မြေတာဘောင်ချဲ့ခြင်း၊ တွင်းငယ်-မိုးမိတ်လမ်းတွင် ကတ္တရာခင်း ခြင်း (၅/၆) မိုင်၊ RC တံတား တည်ဆောက် ခြင်း (၁)စင်း၊ လားရှိုး-မန်စံလမ်းတွင် (၂၈) ပေအကျယ် AC ခင်းခြင်း (၇) ဖာလုံ၊ သီပေါ-ပန်လုံ-နမ္မတူလမ်းတွင် (၁၈)ပေ အကျယ်ကတ္တရာလမ်းချဲ့ခြင်း (၂/၁)မိုင် စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။


ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဖျာပုံ- ကျုံက ဒွန်း - ဒေါ်ငြိမ်း - အမာလမ်းတွင် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း (၂) စင်း၊ ကတ္တရာလမ်းခင်းခြင်း(၁)မိုင် ၊ ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး -ဝါးခယ်မ - မြောင်းမြလမ်းတွင် ကတ္တရာလမ်းခင်းခြင်း (၃/၃) မိုင်၊ အမာခံလမ်းခင်းခြင်း (၁) မိုင်၊ တံတား(၂) စင်း၏ ချဉ်းကပ် လမ်းနှစ်ဖက် ကတ္တရာ ခင်းခြင်း၊ ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူဇလွန်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း (၆)ဖာလုံ၊ ငါးသိုင်းချောင်း-ဂွ- သံတွဲ လမ်းတွင် JICA ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ ဘိုကလေး-စက်ဆန်း-ထော်ပိုင်-အမာလမ်းတွင် ကတ္တရာလမ်းခင်းခြင်း(၂)မိုင်၊ မအူပင်-ကျိုက်လတ်-ဖျာပုံလမ်း နှင့် ရန်ကုန်-ပုသိမ်လမ်းတို့တွင် ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းစသည့် လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါကြောင်း။


နေပြည်တော်ကောင်စီနယ်မြေ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နေပြည်တော်-တောင်ညို-မြို့သစ်-ကံပြား (မကွေး) လမ်းတွင် Gabion Box များဖြင့် အောက်ခြေ မြေထိန်းနံရံတည်ဆောက်ခြင်း (၁၅၀ဝ) ပေ၊ နေပြည်တော်-တောင်ညို-ချောင်းနက်-တောင်တွင်းကြီးလမ်းတွင် Gabion Box များဖြင့် အောက်ခြေမြေထိန်းနံရံ တည်ဆောက်ခြင်း ပေ(၁၅၀ဝ)၊ တပ်ကုန်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ဆက်သွယ် သောလမ်း (အမှတ် ၅လမ်း) တွင် ကွန်ကရစ်ခင်းခြင်း(၁/၅)မိုင်၊ ဘိလပ်မြေ စက်ရုံ(တောင်စဉ်အေး)-နန့်လွင်စန်း-ပြဒါးချောင်း အထက်ပေါင်းလောင်းလမ်းတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း (ဝ/၇ဒသမ၅) မိုင်၊ RC Box Culvert တည်ဆောက်ခြင်း (၂)စင်း၊ ကျောက်စီရေမြောင်း တည်ဆောက်ခြင်း (၃၂၈၀)ပေ၊ မွန်းတည့်ခွင့်-ကျည်တောင်- ခေါမ-ညောင်ပင်သာလမ်းတွင် ကတ္တရာလမ်းခင်းခြင်း (၁/၁) မိုင် စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။


တံတားဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပေါ်ရှိ တီယာန်ဇွပ် တံတား(၂၉၆)ပေ၊ ဒရုခတံတား(၁၉၇)ပေအား ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်ပါကြောင်း။ 
စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်ကူး တံတားကြီးများဖြစ်သည့် ခန္တီး - ဆင်သေ - လဟယ် လမ်းပေါ်ရှိ ချင်းတွင်း တံတား(ခန္တီး) (၂၆၅၁)ပေ နှင့် အောင်ဇေယျ -ကက်သာ - ဟုမ္မလင်း လမ်းပေါ်ရှိ ချင်းတွင်းတံတား (ဟုမ္မလင်း) (၂၇၆၂)ပေ တို့အား တည်ဆောက်ပြီးစီးခဲ့ပါကြောင်း။


တနင်္သာရီတိုင်းဒေသကြီးတွင် သမုတ်လွတ်လွတ်တံတား ၁၂၈၇ ပေ ၊ ပုလုံး တုံးတုံးတံတား ပေ ၂၄၀ဝ နှင့် တနင်္သာရီတံတား ၁၄၄၄ ပေ တို့အားလည်း တည် ဆောက် လျှက်ရှိပါကြောင်း။
ပဲခူးတိုင်းဒေသကြီးတွင် စစ်တောင်းမြစ်ကူး တံတားကြီးများဖြစ်သည့် စစ်တောင်း မြစ်ကူးတံတား(ရေတာရှည်)(၈၀ဝ)ပေ၊ စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်) (၆၂၀) ပေ ၊ စစ်တောင်း မြစ်ကူးတံတား (မြို့စိုး)  (၁၂၀ဝ)ပေ  နှင့် တောင်ငူ - ကျောက်ကြီး -  ရွှေကျင် - ဝင်းကံ လမ်းပေါ်ရှိ  ရွှေကျင်တံတား (၁၆၈၀) ပေတို့ကိုလည်း တည်ဆောက် လျှက်ရှိပါကြောင်း။


မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူ - ပေါက် - ထီးလင်း - ဂန့်ဂေါ လမ်းပေါ်ရှိ မြစ်သာမြစ်ကူးတံတား(ဂန့်ဂေါ) (၈၀ဝ)ပေ တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ မုန်းချောင်းတံတား (ပွင့်ဖြူ)(၁၃၀ဝ)ပေနှင့် ယော(ကံတွင်း)တံတား (၉၀ဝ)ပေတို့ကို လည်း တည်ဆောက်လျက်ရှိပြီး မကြာမီ ပြီးစီးတော့မည် ဖြစ်ပါကြောင်း။


မန္တလေးတိုင်းဒေသကြီးအတွင်း ညောင်ဦး - မြင်းခြံ  လမ်းပေါ်ရှိ ဆင်တဲဝ တံတား ( ၉၃၅ ) ပေအား တည်ဆောက်လျက်ရှိပြီး ပြီးစီးတော့မည်ဖြစ်ပါကြောင်း။


 မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရော - စံပယ်ဂူ - ကော့ပနောလမ်းပေါ်ရှိ အတ္တရံ မြစ်ကူး(စံပယ်ဂူ)တံတား (၂၁၁၃)ပေကိုလည်း စတင် တည်ဆောက်နေပြီဖြစ်ပါကြောင်း။


ရခိုင်ပြည်နယ်အတွင်းရှိ ရန်ကုန် -  စစ်တွေလမ်းပေါ်ရှိ  ဒါးလက်ချောင်း တံတား (၉၆၀)ပေ ၊ တိမ်ညိုတံတား(၃၆၀)ပေ ၊ မြေပုံ -  မင်းပြားလမ်းပေါ်ရှိ  ကြပ်စင် တံတား (၁၉၂၀)ပေနှင့် စစ်တွေမြို့ပေါ်ရှိ ဆတ်ရိုးကျတံတား(၁၆၄၂)ပေ တို့အားလည်း တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ သြစတြီးယားချေးငွေဖြင့် သံပေါင်ဝယ်ယူသည့် ကင်းချောင်းတံတား (၁၂၅၆)ပေနှင့် ရာမောင် တံတား (၁၃၀ဝ)ပေ တို့ကိုလည်း တည်ဆောက်လျှက် ရှိပါကြောင်း။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဂျပန်နိုင်ငံ JICA အကူအညီဖြင့် ဒေါပုံ(သာကေတ) တံတား(၈၃၀)ပေအား တည် ဆောက်နိုင်ခဲ့ပြီး ကိုရီးယားနိုင်ငံချေးငွေဖြင့် တည်ဆောက်မည့် မြန်မာ-ကိုရီးယား (ဒလ)ချစ်ကြည်ရေး တံတားနှင့် ဂျပန်နိုင်ငံ ချေးငွေဖြင့် တည်ဆောက်မည့်  ပဲခူး မြစ်ကူးတံတား (သန်လျင် တံတားအမှတ်-၃)တို့မှာ  စတင်တည်ဆောက်နေပြီဖြစ်ပါကြောင်း။


ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် သီပေါ- ပန်လုံ- နမ့်ဆန် လမ်းပေါ်ရှိ လေလုတံတား (၃၆၀ ) ပေ တည်ဆောက်နိုင်ခဲ့ပြီး ၊ သံလွင်မြစ်ကူးတံတားများ ဖြစ်သည့် မိတ္ထီလာ -  တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် လမ်းပေါ်ရှိတာကော် တံတား (၁၀၅၀)ပေနှင့် မိုင်းတုံ - မိုင်းဆတ် လမ်းပေါ်ရှိ  သံလွင်မြစ်ကူးတံတား (တာဆန်း) (၈၅၉)ပေ တို့မှာ စတင်တည်ဆောက်နေပြီ ဖြစ်ပါကြောင်း။


ဧရာဝတီတိုင်းဒေသကြီးအတွင်း ချောင်းသာ-ရွှေသောင်ယံ လမ်းပေါ်ရှိ ရွှေသောင် ယံတံတား(မကျီးချောင်း) (၈၇၇)ပေအား တည် ဆောက်ပြီးစီးခဲ့ပြီး၊ ငဝန်မြစ်ကူး တံတား(လေးမျက်နှာ)နှင့် မြောင်းမြတံတားအသစ်ကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါ ကြောင်း၊ စော်ကဲတံတား(၂၄၆၁) ပေ၊ ကျွန်းပြဿဒ် တံတား (၂၃၆၂.၅)ပေ၊ ကျွန်းကုန်း တံတား(၇၈၇.၅)ပေ၊ ပုသိမ်တံတား အမှတ်(၂) (၂၃၁၈) ပေ တို့ကို တည်ဆောက်လျက် ရှိပြီး ရွှေလောင်း တံတား၊ ဝါးခယ်မတံတား နှင့် လပွတ္တာ (ပင်လယ်လေး) တံတားတို့ကို လည်း အဆင့်မြှင့်တင် တည်ဆောက်လျှက်ရှိပါကြောင်း။


အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် အခြေခံပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်း/ တန်ဖိုးသင့် အိမ်ရာစီမံကိန်းများမှ  အိမ်ခန်းစုစုပေါင်း (၃၃၂၂)ခန်းကို ပြည်သူများ နေထိုင် နိုင်ရန် တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း။


အခြားတိုင်းဒေသကြီးများတွင်လည်း အိမ်ရာစီမံကိန်းများ ဆောင်ရွက်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် အိမ်ခန်းပေါင်း (၆၇၆) ခန်းပါဝင်သော ဥမ္မာဒန္တီအိမ်ရာစီမံကိန်း နှင့် အိမ်ခန်းပေါင်း (၉၆)ခန်းပါဝင်သော ပြည်တော်သာအိမ်ရာ ၊ ကရင်ပြည်နယ် ဘားအံမြို့တွင် အိမ်ခန်းပေါင်း (၄၈)ခန်းပါဝင်သော ကြာအင်းတောင် အိမ်ရာတို့အား တည်ဆောက် ရောင်းချပေးလျက်ရှိပါကြောင်း။    


ဝန်ထမ်းများနေထိုင်မှု အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် များတွင် ၎င်းတို့၏ တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်ဖြင့် ဝန်ထမ်းအိမ်ရာ (၁၅၇)လုံး ၊ အခန်းပေါင်း (၂၄၈၄)ခန်း နှင့် ပြည်ထောင်စုဘဏ္ဍာငွေဖြင့် နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေးမြို့များတွင် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တိုက်(၂၅) လုံး ၊ အခန်း (၈၆၀)ခန်းအား တည်ဆောက်လျက်ရှိပါကြောင်း။
    

Construction, Housing   and   Infrastructure   Development Bank (CHIDB)အနေဖြင့် ပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် အိမ်ရာစုဆောင်းငွေ စနစ်(Housing Mortgage)စနစ်ဖြင့် ပြည်သူများ အိမ်ရာပိုင်ဆိုင်နိုင်စေရန်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အိမ်ရာစုဆောင်းငွေထားရှိသူ (၂၅၁၀၉)ဦး ၊ ငွေကျပ်(၂၃ ဒသမ ၅၃) ဘီလီယံ စုဆောင်းနိုင်ခဲ့ပါကြောင်း၊ အိမ်ရာဝယ်ယူသူ (၂၇၂၀)ဦးကို ငွေကျပ်(၃၅ ဒသမ ၁၇) ဘီလီယံ ထုတ်ချေးဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ 

ယခင်စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း စုဆောင်းငွေရှိသူများကို အတိုးနှုန်း ၁၂ရာခိုင်နှုန်း ချေးငွေကာလ (၁၅)နှစ် အထိ ထုတ်ချေး ပေးခဲ့ပြီး  ယခု JICA ချေးငွေအရင်းအမြစ်ဖြင့် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း အနည်းဆုံး (၁၅)နှစ်ဖြင့် ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ပါ ကြောင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ အထောက်အကူပြုနိုင်ရေး အတွက် ရည်ရွယ်၍ ဆောက်လုပ်ရေး ၊ အိမ်ရာနှင့်အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး ဘဏ် CHID Bank (Construction, Housing and Infrastructure Development Bank) အဖြစ် ရည်မှန်းချက် ၊ မျှော်မှန်းချက်များ တိုးမြှင့်ပြီး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြို့ပေါင်း (၉)မြို့တွင် ဘဏ်ခွဲပေါင်း (၁၂)ဘဏ်အထိ တိုးချဲ့ဖွင့်လှစ်ပြီး ပြည်သူများနေရေး အဆင်ပြေစေရန်အတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
    

ကျေးလက်လမ်းများအား လမ်းအဆင့်အတန်း Class A,B,C ခွဲခြားသတ်မှတ် ထားပြီး ဦးစားပေး(၁)၊    ဦးစားပေး(၂)၊ ဦးစားပေး(၃)များခွဲခြား၍ Class A လမ်းများ အား တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံခန့်ခွဲပြီး Class B နှင့် C လမ်းများကို ပြည်ထောင်စုမှ စီမံခန့်ခွဲရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ ခွင့်ပြုပြီးဖြစ်ပါကြောင်း။


ကျေးလက်လမ်းအရှည် (၅၅၅၀၇)မိုင် (၈၉၃၁၁ km)အား တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး Class(A) -အဓိကလမ်းမကြီးများ (သို့ ) မြို့ (သို့) မြို့တော်များ တိုက်ရိုက်ချိတ်ဆက်သောလမ်း၊ Class(B)-Class(A)သို့ ဆက်သွယ်သည့်လမ်း၊ အဓိက ကျေးရွာချင်းဆက်လမ်း၊ Class(C) -Class(B)သို့ ဆက်သွယ်သည့်လမ်း၊ အဓိက ကျေးရွာချင်းဆက်လမ်းများမဟုတ်သည့် လမ်းများနှင့် စိုက်ပျိုးဧရိယာသို့ ဆက်သွယ် သည့်လမ်းဟူ၍ သတ်မှတ်ပါကြောင်း။


စီမံခန့်ခွဲမှုအပိုင်းတွင် Class(A) - (၂၅၆၃၅ / ၂ မိုင် (၄၆ ရာခိုင်နှုန်း) တိုင်းဒေသကြီး/ပြည်နယ်မှစီမံခန့်ခွဲပြီး Class(B) - (၁၇၃၂၀ / ၆ မိုင် (၃၁ ရာခိုင်နှုန်း)နှင့် Class(C) - (၁၂၅၅၁ / ဝ မိုင် (၂၃ ရာခိုင်နှုန်း) ပြည်ထောင်စုမှစီမံခန့်ခွဲပါကြောင်း။


၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလထိ) (၆)လအတွင်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် (မူလ)ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်း/တံတားလုပ်ငန်း များကို ခွင့်ပြုရန်ပုံငွေကျပ် ၁၀၆၇၃၁ ဒသမ ၈၂ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ လမ်းလုပ်ငန်းတွင် ကွန်ကရစ်လမ်း - ၁၇၅ မိုင် ၇  ဖာလုံ၊ ကတ္တရာလမ်း - ၃၅ မိုင် ၁  ဖာလုံ၊ ကတ္တရာထပ်ပိုး -ဝ မိုင်၇  ဖာလုံ၊ ကျောက်ချောလမ်း -၂၀၁ မိုင် ၄ ဖာလုံ၊ ဂဝံ/ဂျင်းလမ်း- ၄၀၈ မိုင် ၄ ဖာလုံ၊ မြေသားလမ်း - ၂၈၅ မိုင်  ၄   ဖာလုံ ၊ စုစုပေါင်း- ၁၁၀၇ မိုင် ၃ဖာလုံ ဆောင်ရွက်နိုင်ခဲ့ပြီး တံတားလုပ်ငန်းတွင် ကွန်ကရစ် -၁၀၆ စင်း ၃၁၃၇ ပေ၊ သစ်သားတံတား - ၁၁စင်း ၇၀၈ ပေ၊ ဘေလီတံတား - ၄ စင်း ၆၅၀ ပေ၊ ရေကျော် - ၂၂ စင်း ၂၀၂၈ပေ၊ Box Culvert -  ၄၅၉ စင်း ၂၃၂၈ ပေ၊ အခြား- ၂၁ စင်း ၄၈၂၆  ပေ စုစုပေါင်း -  ၆၂၃ စင်း  ၁၃၆၇၇ ပေ ဆောင်ရွက်နိုင်ခဲ့ကြောင်း။ 


၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (မူလ)ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်း/တံတားလုပ်ငန်း များကို ခွင့်ပြုရန်ပုံ ငွေကျပ် ၃၂၆၈၁၄ ဒသမ ၉ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ လမ်းလုပ်ငန်းတွင်  ကွန်ကရစ်လမ်း-၃၁၇ မိုင် ၇  ဖာလုံ၊ ကတ္တရာလမ်း - ၃၀၉ မိုင် ဝ  ဖာလုံ၊  ကတ္တရာ ထပ်ပိုး -၁၆ မိုင် ၄  ဖာလုံ၊ ကျောက်ချောလမ်း - ၄၅၆ မိုင် ၆ ဖာလုံ၊ ဂဝံ/ဂျင်းလမ်း- ၈၈၄ မိုင် ၃ ဖာလုံ၊ မြေသားလမ်း-၈၈၀ မိုင်  ၆   ဖာလုံ၊ စုစုပေါင်း -၂၈၆၅ မိုင် ၂ဖာလုံ ဆောင်ရွက်နိုင်ခဲ့ပြီး တံတားလုပ်ငန်းတွင် ကွန်ကရစ်- ၄၅၇ စင်း ၂၆၉၀၅ ပေ၊ Box Culvert -၁၀ဝ၄ စင်း ၄၅၇၂  ပေ၊ ရေကျော်-   ၇၃ စင်း ၈၁၈၂ ပေ၊ဘေလီတံတား       -  ၁၈ စင်း ၂၂၂၀  ပေ ၊ ကြိုးတံတား- ၁၉စင်း ၄၄၈၅ ပေ၊ အခြား -  ၃၂ စင်း ၁၅၃၄၃  ပေ၊ စုစုပေါင်း - ၁၆၂၀ စင်း ၆၂၅၅၂ ပေဆောင်ရွက်နိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြား သည်။ 
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း က လက်ရှိ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးမှုအခြေအနေအရ မြန်မာနိုင်ငံတော်ဗဟို ဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းထိန်းသိမ်းရန် တစ်နည်းအားဖြင့် ဈေးနှုန်းများ တည် ငြိမ်မှုရှိမည့် စီးပွားရေးတိုးတက်မှုကိုရရှိစေရန် သီးသန့်ငွေကြေးပမာဏအား ရည်မှန်း ချက်ထားရှိသည့် ငွေကြေးမူဝါဒမူဘောင် (Reserve Money Targeting Monetary Policy Framework)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးသန့် ငွေကြေးပမာဏအား ရည်မှန်းချက် (Reserve Money Target) ထားရှိနိုင်ရန် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း (GDP)၊ ငွေဖောင်းပွမှုနှုန်း (Inflation)၊ ငွေကြေးလည်ပတ် နှုန်း (Velocity)၊ ငွေကြေးဆပွားကိန်း(Money Multiplier)တို့အပေါ် အခြေခံ၍ တွက် ချက်ပါကြောင်း။
    

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း နိုင်ငံ၏ရည်မှန်းချက်ဖြစ်သည့် စီးပွားရေး တိုး တက်မှုနှုန်း ၇ ဒသမ ၆ ရာခိုင်နှုန်းအား ငွေဖောင်းပွမှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းအတွင်း ထားရှိဆောင်ရွက်နိုင်ရန်  သီးသန့်ငွေကြေးပမာဏတိုးတက်မှုနှုန်းအား ၁၁ ရာခိုင်နှုန်း နှင့် စုစုပေါင်းငွေကြေးပမာဏ တိုးတက်မှုနှုန်းအား ၂၁ ရာခိုင်နှုန်းအတွင်းရှိစေရန် ရည်မှန်းချက် ထားရှိဆောင်ရွက်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စီးပွားရေးစနစ်ရှိ ငွေကြေးပမာဏအား ခန့်မှန်းတွက်ချက်၍  ရည်မှန်းချက်ထက်ကျော်လွန်နေပါက အပ်ငွေလေလံခေါ်ယူပြီး ပိုလျှံသည့်ငွေကြေး ပမာဏများအား နုတ်သိမ်းရပါကြောင်း၊ အပ်ငွေလေလံခေါ်ယူခြင်းကို ၂၀၁၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး အပ်ငွေလေလံ များအား (၂)ပတ်လျှင်တစ်ကြိမ်ဖြင့် လေလံသက်တမ်း (၁၄)ရက်၊ (၂၈)ရက်နှင့် (၄၂) ရက် ကာလများအတွက် ခေါ်ယူပါကြောင်း။
    

နိုင်ငံတော်အစိုးရ၏ တတိယ(၁)နှစ်တာကာလဖြစ်သည့်  ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လကုန်အထိ (၁၂)လတာကာလအတွင်း အပ်ငွေလေလံ (၂၅) ကြိမ် ခေါ်ယူကာ တစ်ကြိမ်လျှင် ပျမ်းမျှ ၂၈၁ ကျပ်ဘီလီယံဖြင့် ဈေးကွက်အတွင်းမှ ပိုလျှံ ငွေကြေးများကို နုတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ ထိုသို့ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးပမာဏ (တစ်နည်းအားဖြင့် ငွေဖောင်းပွမှု)အား ရည်မှန်းချက်အတွင်း ထိန်း သိမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လ ကုန်အထိ (၁၂)လတာကာလအတွင်း လေလံအောင်မြင်ခဲ့သည့် ပျမ်းမျှအပ်ငွေ လေလံ အတိုးနှုန်းများမှာ အနိမ့်ဆုံး ၂ ဒသမ ၉၄ ရာခိုင်နှုန်းနှင့် အမြင့်ဆုံး ၇ ဒသမ ၁၃ ရာခိုင်နှုန်း အတွင်းရှိခဲ့ပါကြောင်း။
    

မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့သော ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ယင်း ဥပဒေအရ ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည့် စည်းမျဉ်း(၄)ရပ် တို့နှင့်ဆက်စပ်၍ နောက်ဆက်တွဲ ညွှန်ကြားချက် (၅)ခုကိုလည်း ၂၀၁၈ ခုနှစ် မေ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းတို့မှာ  သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံနှုန်းများအတွက် ညွှန်ကြားချက်၊ ဘဏ်ဒါရိုက်တာများဆိုင်ရာ ညွှန်ကြားချက်၊ ပြင်ပ စာရင်းစစ်များ ဆိုင်ရာညွှန်ကြားချက်၊ ဆက်နွှယ်သူများဆိုင်ရာ ညွှန်ကြားချက်နှင့် အဓိကကျသည့် အကျိုးစီးပွားများရယူခြင်းဆိုင်ရာညွှန်ကြားချက်တို့ ဖြစ်ပြီး အထက်ပါ ညွှန်ကြားချက်များသည် ဘဏ်များ၏ စီမံခန့်ခွဲမှု (Banks' Governance) ကောင်းမွန်စေ ရေးအတွက် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များဖြစ်ပါကြောင်း။  
    

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့် CBN-NET (RTGS) System အား International Standard နှင့်အညီ ဖြစ်စေ ရေးအတွက် ဂျပန်နိုင်ငံမှ ထောက်ပံ့သည့် အကူအညီအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် JICA တို့ ပူးပေါင်း ၍ CBN-NET Phase I ကို အကောင်အထည် ဖော်ဆောင် ရွက်ခဲ့ပါကြောင်း။


၂၀၁၈ ခုနှစ် သြဂုတ် ၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် JICA တို့ လက်မှတ်ရေးထိုးခဲ့သည့် ကူညီထောက်ပံ့ရေးသဘောတူစာချုပ်အရ CBN-NET Phase II ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းအစီ အစဉ်တွင် ဘဏ်များ၏ System နှင့် CBM ၏ System ကို တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း (STP with Commercial Bank)၊ ဘဏ်များအကြား Message ပေးပို့ခြင်းတွင် စံထားရှိခြင်း (ISO 20022 Adoption)၊ ငွေလွယ်ကူမှု အကာအကွယ် ပြုနိုင်ခြင်း (Liquidity Saving Facility)၊ ပမာဏနည်းငွေပေးချေမှုများကို အချိန်နှင့်တစ် ပြေးညီ စာရင်းရှင်းလင်းခြင်း(ACH)၊ ချက်လက်မှတ်ကို ပုံရိပ်စနစ်ဖြင့် စာရင်းရှင်းလင်း ခြင်း (Cheque Truncation)၊ ငွေပေးချေစာရင်းရှင်းလင်းမှုဆိုင်ရာ အရေးကြီးအချက် အလက်များအား Dashboard တွင် ပြသအချက်ပေးခြင်း (Alert and Dashboard Function)၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဒုတိယအရံအဖြစ်သုံးစွဲမည့် Data Centre နှင့် အချက်အလက်များပြန်လည်ရယူရန်အစီအစဉ်များ(DR Site and Data Redundancy)၊ သုံးစွဲသူများမှန်ကန်ကြောင်း စိစစ်နိုင်ခြင်း (User Authentication)၊ အခြား System များ (ဥပမာ- YSX, Auction System များနှင့် ချိတ်ဆက်ခြင်း) (Automatic Data Linkage) အစီအစဉ်များပါဝင်ပါကြောင်း။
    

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ အခွန်ထမ်းများအနေနှင့် မည်သည့်ဘဏ်မှမဆို မြန်မာ့ စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ ပြည်တွင်းအခွန်များဦးစီးဌာနစာရင်းသို့ CBN-NET System   Customer Credit Transfer Function ကို အသုံးပြု၍ Online မှ အခွန်ပေး ဆောင်ခြင်းအား ဆောင်ရွက်နိုင်မည့်အစီအစဉ်ကို စတင်ဆောင်ရွက်လျက် ရှိပါကြောင်း။  
    

ငွေရေးကြေးရေးကဏ္ဍ ဖြေလျော့ပေးသည့်အခြားအစီအစဉ်များအနေဖြင့် ယခု အချိန်ထိ ပြည်တွင်းဘဏ်များ၏ ချေးငွေများကို (၁)နှစ်သက်တမ်းရှိ စာရင်းပိုထုတ်ချေး ငွေနှင့် (၃)နှစ်ထက်မပိုသော ကာလသတ်မှတ်ချက် ချေးငွေများအား ထုတ်ချေးခွင့်ပြု ပါကြောင်း၊ ဘဏ်များ၏ချေးငွေအခြေခံ ပိုမိုကျယ်ပြန့်လာစေရေးနှင့် ပြည်သူများ အိမ်ရာ ပိုင်ဆိုင်မှု အခွင့်အလမ်းတိုးမြှင့်စေရန် ရည်ရွယ်၍ ဘဏ်များအား စုစုပေါင်းချေးငွေ၏ ၅ ရာခိုင်နှုန်းထက်မပိုသော အိမ်ရာချေးငွေများကို (၃)နှစ်ထက် ကျော်လွန်၍ ချေးယူခွင့်ကို     ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅   ရက်တွင် ခွင့်ပြုခဲ့ပါကြောင်း။


ထို့အတူ အိမ်ရာချေးငွေများမှအပ နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူပြုနိုင် သည့် ချေးငွေများဖြစ်ပါက အထက်ပါခွင့်ပြုသည့် စုစုပေါင်းချေးငွေ၏ ၅ရာခိုင်နှုန်း အတွင်း ကိစ္စရပ်တစ်ခုချင်းအလိုက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြ၍ အတည်ပြု ချက်ရရှိက ထုတ်ချေးရန်ခွင့်ပြုခဲ့ပါကြောင်း။
    

လက်ရှိအချိန်အထိ ခွင့်ပြုခဲ့သည့် နိုင်ငံခြားဘဏ် ဘဏ်ခွဲအရေအတွက်သည် (၁၃) ဘဏ်ဖြစ်ပြီး နောက်ထပ် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ သင့်လျော်သည့် အရေ အတွက်ဖြင့် ထပ်မံခွင့်ပြုသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုသို့ခွင့်ပြုရာ တွင် ယခင်ကဲ့သို့ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများ (Branch)အဖြစ် ခွင့်ပြုခြင်းသာမက မြန်မာ နိုင်ငံကုမ္ပဏီများဥပဒေအရ ဖွဲ့စည်းဆောင်ရွက်သည့် နိုင်ငံခြားဘဏ်၏ လက် အောက်ခံ ဘဏ်များ (Subsidiary)အဖြစ် ဆောင်ရွက်လိုပါက ခွင့်ပြုသွားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိနိုင်ငံခြားဘဏ် ဘဏ်ခွဲများ (Branch)အနေဖြင့် လည်း လက်အောက်ခံဘဏ်များ (Subsidiary)အဖြစ် ပြောင်းလဲဆောင်ရွက်လိုပါက ခွင့်ပြုပေးသွား နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။  
    

လက်အောက်ခံဘဏ်များ (Subsidiary)အဖြစ် ဆောင်ရွက်မည့် နိုင်ငံခြားဘဏ် များသည် လက်လီဘဏ်လုပ်ငန်း (Retail Banking)ကို ဆောင်ရွက်ခွင့် ရရှိကြမည် ဖြစ်၍ ပြည်တွင်းဘဏ်များနည်းတူ လုပ်ငန်းဆောင်ရွက်ခွင့် ရှိကြမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းရှိကော်ပိုရိတ်များအနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်လည်းကောင်း ချေးငွေရရှိနိုင်မှုအခွင့်အလမ်း တိုးတက်လာစေရန်အတွက် ချေးငွေအချက်အလက်များ ကို စုစည်း၍ ငွေချေးသည့်ဘဏ်များ သို့မဟုတ် အခြားငွေရေးကြေးရေးအဖွဲ့အစည်း များသို့ ပံ့ပိုးပေးမည့် ချေးငွေသတင်းအချက်အလက်ဌာနကို တည်ထောင်နိုင်ရန်  ၂၀၁၈ ခုနှစ် မေ ၁၇ ရက်တွင် ခွင့်ပြုချက်ထုတ်ပေးခဲ့ပါကြောင်း၊ ချေးငွေ သတင်းအချက် အလက်ဌာနသည် လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို စီစဉ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင် မည့် အခြေအနေရှိပါကြောင်း။
    

ပြည်တွင်းပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားဘဏ်များ သို့မဟုတ် ငွေရေးကြေး ရေး အဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုပြုနိုင်ရန် စုစုပေါင်းမတည် ရင်းနှီးငွေ၏ ၃၅ ရာခိုင်နှုန်းအထိ ပြည်ပရင်းနှီးမြှုပ်နှံမှုကို လက်ခံဆောင်ရွက်ခွင့်ပြု ကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ခွင့်ပြုခဲ့ပါကြောင်း၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ များအနေဖြင့် လိုင်စင်ထုတ်ပေးစဉ်က နိုင်ငံခြားကော်ပိုရိတ်များအတွက်သာ ငွေထုတ် ချေးခွင့်ကို ခွင့်ပြုခဲ့သော်လည်း ပြည်တွင်းကော်ပိုရိတ်များ ဘဏ္ဍာငွေဖြည့်ဆည်းမှု အဆင်ပြေချောမွေ့စေ၍ နိုင်ငံစီးပွားရေးကို အထောက်အကူပြုစေရန် ပြည်တွင်း ကော်ပိုရိတ်များသို့ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေ(၂)မျိုးလုံး ထုတ်ချေးခွင့်ကို ၂၀၁၈  ခုနှစ် နိုဝင်ဘာ ၈  ရက်တွင် ခွင့်ပြုခဲ့ပါကြောင်း။
    

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး ဆိုင်ရာဆောင်ရွက်မှုများအနေဖြင့်  ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ငွေကြေးခဝါချ မှုတိုက်ဖျက်ရေးဥပဒေအရ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် သတင်းပို့ အဖွဲ့အစည်းများတွင် အဓိကအခန်းမှပါဝင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ် နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲရသည့် ကြီးကြပ်ရေးအာဏာ ပိုင် (Supervisory Authority) ဖြစ်ပါကြောင်း၊   မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက် ဖျက်ရေး (AML/ CFT)ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအစီအစဉ်များဆောင်ရွက်ခဲ့ပြီး ဘဏ်များ၏ AML/ CFT ဆိုင်ရာ တိုးတက်လိုက်နာရေးကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း။
    

နိုင်ငံ၏ AML/CFT ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟို ဘဏ်သည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့်ဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ်မှုအစီရင်ခံစာ (National Risk Assessment Report) ရေးဆွဲခြင်း၊ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း) ရေးဆွဲခြင်း၊ အာရှနှင့် ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG) မှ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ အကောင်အထည်ဖော်မှုများအပေါ် အကဲဖြတ်ရာတွင် ငွေရေးကြေးရေးကဏ္ဍ နှင့်စပ်လျဉ်းသည့် မေးခွန်းများ ဖြေကြားခြင်းတို့ကို ဆက်စပ်ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးအပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း။
    

ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသည့်ဒေသများမှ ပြည်သူများအတွက် ငွေရေး ကြေးရေးဝန်ဆောင်မှုများကို တိုးမြှင့်ရရှိစေရန် ဆောင်ရွက်ချက်များအနေဖြင့်  မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သည် အများပြည်သူများအတွက် ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ရရှိစေရန်အတွက် ပုဂ္ဂလိကဘဏ်များအား ဘဏ်ခွဲများတိုးချဲ့ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လကုန်အထိ ပုဂ္ဂလိကဘဏ် (၂၇) ဘဏ်မှ ဘဏ်ခွဲ ပေါင်း (၁၈၄၄) ခု ဖွင့်လှစ်ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ချေးငွေလိုအပ်နေသော လုပ်ငန်းရှင် များနှင့် အများပြည်သူသို့ တစ်ဖက်တစ်လမ်းမှ ချေးငွေပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ဘဏ် မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ (Non-Bank Financial Institutions- NBFIs) ကိုလည်း တည်ထောင်ခွင့်ပြုလျက်ရှိရာ ၂၀၁၉ ခုနှစ် မတ်လကုန်တွင် NBFI (၂၅)ခုကို ခွင့်ပြုပြီးဖြစ်ပါကြောင်း။
    

ဘဏ်ခွဲဖွင့်လှစ်နိုင်ခြင်းမရှိသည့်နေရာများရှိ ပြည်သူများအား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုရရှိစေရန် ဘဏ်ခွဲ သို့မဟုတ် ဘဏ်၏ Agent မှတစ်ဆင့် Mobile Application ကို အသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန် ဘဏ်များအား မိုဘိုင်းဘဏ် လုပ် ငန်း (Mobile Banking) ဆောင်ရွက်ခွင့်ပြုခဲ့ရာ ၂၀၁၉ ခုနှစ် ဧပြီလကုန်တွင် ပုဂ္ဂလိက ဘဏ် (၁၀) ဘဏ်အား မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ခွင့်ပြုပြီး ဖြစ် ပါကြောင်း၊ ဘဏ်များအပြင် မိုဘိုင်းကွန်ရက်အော်ပရေတာများနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများကပါ Mobile Application ကို အသုံးပြု၍ ဝန်ဆောင်မှု (Mobile Financial Services- MFS) ပေးနိုင်ရန် ရည်ရွယ်၍ မိုဘိုင်းကွန်ရက် အော်ပရေတာ (၃)ခုနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း (၁)ခုတို့အား မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ နောက် ထပ် မိုဘိုင်းကွန်ရက်အော်ပရေတာ (၁)ခုကိုလည်း လုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန် စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သည် ယခင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြု ဆောင် ရွက်ရေး စသည့်ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ “အုပ်ချုပ်ရေးယန္တရား စနစ်တကျ လည်ပတ်နိုင်အောင် စီမံခန့်ခွဲခြင်း ဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်” ဟူသော မျှော်မှန်းချက်နှင့်အညီ ဆောင်ရွက် လျက်ရှိပါကြောင်း။


အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းတာဝန်များမှာ မြေယာစီမံခန့်ခွဲ ခြင်းလုပ်ငန်း၊ ယစ်မျိုးစီမံခန့်ခွဲခြင်းလုပ်ငန်း၊ အခွန်(၄)မျိုး ကောက်ခံခြင်းလုပ်ငန်း၊ မြို့နှင့် ကျေးရွာများ စနစ်တကျဖွဲ့စည်းရေးလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း၊ အသင်းအဖွဲ့များ ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုရေးလုပ်ငန်း၊ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းလုပ်ငန်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာလုပ်ငန်း စသည်တို့ ဖြစ်ပါကြောင်း။
    

နိုင်ငံတော်အစိုးရ၏ တတိယ(၁)နှစ်တာကာလအတွင်း ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်မှုအခြေအနေမှာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်(၁၅)ခုတွင် မြို့နယ် ၂၇၅ မြို့နယ်နှင့် ကျေးရွာ ၂၇၅ ရွာ စုစုပေါင်း ၅၀ဝ ဖြစ်ပါကြောင်း၊ မြေငှားဂရန်ထုတ်ပေးနိုင်မှု အခြေအနေမှာ သာသနာ့ဂရန် ၁၂၇ ခု၊ ဗုဒ္ဓသိမ် ၅၃ ခု၊    စားကျက်မြေ ၄၂ ခု၊ ၅ ဧကအထက် မြေငှားဂရန်     ၁၂၃ ခု၊ ၅ ဧက အောက် မြေငှားဂရန် ၁၅၂၉၉ ခု၊ ကျေးရွာမြေငှားဂရန် ၅၀ဝ ခု တို့ဖြစ်ပါကြောင်း။


အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယစ်မျိုးမူဝါဒမှာ  အရက်သောက်စားခြင်း အလေ့အထပြန့်ပွားခြင်းကို အားပေးခြင်းမရှိစေရန်၊ အရက်ဖြန့်ဖြူးရောင်းချရာတွင် တရားမဝင် ထုတ်လုပ်မှု၊ ရောင်းချမှု မရှိစေဘဲ အရက်များအပေါ်တွင် အခွန်ကြီးမြှင့်နိုင် သမျှကြီးမြှင့်ကောက်ခံရန်၊ မူးယစ်စေတတ်သော အရက်ကိုရောင်းချခြင်းမှ အခွန်ငွေ ရရှိစေရန် အလို့ငှာသာမဟုတ်ဘဲ ၎င်းကိုသောက်စားသုံးစွဲခြင်း ခေါင်းပါးစေရန် ရည်ရွယ် ၍ အရက်ရောင်းချခြင်းကို အခွန်စည်းကြပ်ကောက်ခံသည်ဟု အမြဲနှလုံးသွင်းရန်တို့ ဖြစ်ပါကြောင်း။


 ယစ်မျိုးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဖမ်းဆီးအရေးယူမှုအနေဖြင့် ယစ်မျိုးစီမံခန့်ခွဲရေး လုပ်ငန်းတွင် လိုင်စင်ချထားရေးနှင့် လိုင်စင်ခွန်ကောက်ခံရေး၊ တားဆီးနှိမ်နင်းရေး ဟူ၍ အပိုင်း(၂)ပိုင်းရှိရာ လိုင်စင်ခွင့်ပြုခြင်း၊ စည်းကမ်းပျက်လိုင်စင်များ အရေးယူခြင်း၊ ယစ် မျိုးခွန်ကောက်ခံခြင်းစသည့် ယစ်မျိုးစီမံခန့်ခွဲခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊  ယစ်မျိုးသက်ဝင်ပစ္စည်းများကို လိုင်စင်ခွင့်ပြု ချက်မရှိဘဲ ရောင်းဝယ်၊ ဖြန့်ဖြူး၊ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖမ်းဆီး အရေးယူခြင်းစသည့် တားဆီးနှိမ်နင်းခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းကို တရားရုံးအဆင့်ဆင့်က လည်းကောင်း တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ တတိယ(၁)နှစ်တာကာလအတွင်း တရားမဝင်ယစ်မျိုးလုပ်ငန်း လုပ် ကိုင်သူ (၅၂၀၂)ဦးကို ဖမ်းဆီး၍ အမှု(၅၁၈၄)မှု၊ ယစ်မျိုးလိုင်စင် စည်းကမ်း ဖောက်ဖျက် သူ (၅၇၅)ဦးအား အမှု (၇၅၄)မှုကို အမှုဖွင့် တရားစွဲဆိုအရေးယူနိုင်ခဲ့ ပါကြောင်း။


အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ယစ်မျိုးခွန်၊ မြေခွန်၊ တာတမံခွန်နှင့် ဓာတ်သတ္တုခွန် စသည့် အခွန်(၄)မျိုးကို ကောက်ခံလျက်ရှိပါကြောင်း၊  ယစ်မျိုးခွန် ကောက်ခံခြင်းကို ယခင်ကပြည်ထောင်စုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာနှင့်လိုင်စင် နှုန်းထားများကို နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ သတ်မှတ်ကောက်ခံခဲ့သော်လည်း ယခု အခါ ၂၀ဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များက ဒေသနှင့်ကိုက်ညီဆီလျော်သည့် နှုန်းထားများဖြင့် ယစ်မျိုးခွန်ဥပဒေပြဋ္ဌာန်းပြီး ယစ်မျိုးခွန်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကောက်ခံ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းလျက် ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာဖြင့် အခွန်နှုန်းထားသတ်မှတ်ပြီး ကောက်ခံရရှိသော အခွန် ငွေများကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်းသို့ ပေးသွင်းလျက်ရှိပါကြောင်း။


မြေခွန်နှင့်တာတမံခွန်ကောက်ခံရာတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက အခွန်နှုန်းထားများသတ်မှတ်၍ နှစ်စဉ်မြေခွန်စည်းကြပ်ခြင်းကို ဆောင် ရွက်ပြီး ထွက်ရှိလာသည့်ပြေစာအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခွန် ကောက်ခံ၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် ဘဏ္ဍာရန်ပုံငွေစာရင်းသို့  ပေးသွင်းလျက်ရှိပါကြောင်း၊ ဓာတ်သတ္တုခွန်ကောက်ခံရာတွင် တွင်းထွက်စက်မှု ကုန် ကြမ်းအဆင့်နှင့် အလှဆင်ကျောက်အဆင့်တွင် ပါဝင်ခြင်းမရှိသည့် လမ်းခင်းကျောက်၊ တည်ဆောက်ရေးလုပ်ငန်း သုံးကျောက်စရစ်၊ သဲကျောက်၊ ထုံးကျောက်၊ သဲနှင့်မြေ စေးစသည့် ဓာတ်သတ္တုပစ္စည်းများအပေါ် ကောက်ခံခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာဖြင့် နိုင်ငံတစ်ဝန်းလုံးတစ်ပြေးညီ သတ်မှတ်ကောက်ခံ၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပေးသွင်းလျက်ရှိပါကြောင်း။


ယစ်မျိုးဆိုင်ရာ စီမံခန့်ခွဲမှုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အရက်၊ ဘီယာ၊ ဝိုင်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ရသင့်ရထိုက်သော ယစ်မျိုးခွန်အပြည့်အဝရရှိစေခြင်း စသည်တို့ကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲလျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ဘဏ္ဍာရေးနှစ်အတွင်း အခွန်(၄)မျိုး ကောက်ခံရန်ငွေကျပ် (၁၈၁၀၁ ဒသမ ၆၄၆)သန်း လျာထားခဲ့ရာ ငွေကျပ် (၂၀၃၉၆ ဒသမ ၇၄၁)သန်း ကောက်ခံရရှိခဲ့သဖြင့် အခွန်ကောက်ခံနိုင်မှု ၁၁၂ ဒသမ ၆၈ ရာခိုင်နှုန်းအထိ ကောက်ခံ နိုင်ခဲ့ပါကြောင်း။


ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ချက်များ အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ် ငန်းများအတွက်  နိုင်ငံတော်က တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များသို့ ရန်ပုံငွေ ကျပ်(၄၈၀ ဒသမ ဝ၀)သန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံ ငွေကျပ် (၂၄၅ ဒသမ ဝ၀)သန်း ခွဲဝေခွင့်ပြုပေးခဲ့ရာ လုပ်ငန်းပေါင်း (၂၅၄)ခုကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  တတိယ(၁)နှစ် တာကာလအတွင်း ရန်ပုံငွေ ကျပ်(၂၈၄ ဒသမ  ၅၀)သန်း ခွင့်ပြုပေးခဲ့ရာလုပ်ငန်းပေါင်း (၉၈)ခုကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။
    


အသင်းအဖွဲ့များ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းအပိုင်းတွင် ယခင်က အသင်းအဖွဲ့များ ဖွဲ့စည်းရာ၌ ဗဟိုအဖွဲ့အစည်း တစ်ခုတည်းမှသာ ဆောင်ရွက်ပေးခဲ့ ရာမှ ယခုအခါ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှတ်ပုံတင် ရေးအဖွဲ့၊ နေပြည်တော်ကောင်စီမှတ်ပုံတင်ရေးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေ သမှတ်ပုံတင်ရေးအဖွဲ့၊ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အဆင့် ဆင့်က ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရ၏တတိယ(၁)နှစ်တာကာလအတွင်း ပြည်ထောင်စု မှတ်ပုံတင် ရေးအဖွဲ့၏ ဆောင်ရွက်ချက်များအနေဖြင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အသင်းအဖွဲ့များအား နိုင်ငံတော်အစိုးရ၏ တတိယ(၁)နှစ်တာ သက်တမ်းကာလအတွင်း ပြည်တွင်းအသင်း အဖွဲ့ (၂၁၁)သင်းနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့(၂၈)သင်း စုစုပေါင်း (၂၃၉)သင်းတို့အား မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း။
    

နိုင်ငံတော်အစိုးရ၏ တတိယ(၁)နှစ်တာကာအတွင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေမှာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅)ခုတွင် စုစုပေါင်း အရေအတွက် (၁၄၁၁၄၅၆) ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း။
    

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ပြီးနောက် လက်ရှိ အချိန်တွင် အုပ်ချုပ်ရေးယန္တရား တည်ငြိမ်ရေးကာလအဖြစ် ၂၀၁၉ ခုနှစ် ပထမ (၃)လ တာကာလကို သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် ပြုပြင် ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ (၂၆)ရက်မှ (၂၈)ရက်အထိ နေပြည်တော်၌ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ပြုပြင်ပြောင်းလဲရေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်   “ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က” ဆိုသည်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ မျှော်မှန်းချက် (Vision )၊ ၎င်း Vision သို့ ရောက်ရှိရန် လုပ်ဆောင်နိုင်မည့် နည်းလမ်း၊ အထူးတာဝန်များ (Mission)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင့်သုံး ဆောင်ရွက်လျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ပြဌာန်းချက်များနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရမည့် အချက်များ၊ အသွင်သဏ္ဍာန် ပြောင်းလဲခြင်းအတွက် လုပ်ဆောင်သင့်သည့်အချက်များ၊ ရပ်/ကျေးအဆင့်အထိ ပိုမိုထိရောက်သည့် ဝန် ဆောင်မှုများပေးနိုင်ရေး ဆောင်ရွက်ရမည့် အချက်များနှင့် ရှေ့ဆောင်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
    

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနှင့် နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ် တာ ကာလအတွင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ မြေယာစီမံခန့်ခွဲရေး၊ ယစ်မျိုးစီမံခန့်ခွဲရေး၊ မြို့/ကျေးရွာများ စနစ်တကျ ဖွဲ့စည်းနိုင်ရေး၊ ပြည်သူဗဟိုပြု ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် အသင်း အဖွဲ့များအား ဥပဒေနှင့်အညီ စနစ်တကျဖွဲ့စည်းရေးတို့ကို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွင်ပါဝင်သည့် တိုင်ကြားလာသော တိုင်ကြားစာများအပေါ် ဘက်လိုက်မှုကင်းစွာ၊ အဂတိကင်းစွာ စိစစ်သုံးသပ်တင်ပြနိုင်ရေး ပြည်သူလူထုအား ဝန်ဆောင်မှုပေးရာတွင် စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် အချိန်ကြန့်ကြာမှု မရှိအောင် ဆောင်ရွက်ပေးရေးတို့ကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။ 


ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မီးရှို့ဖျက်ဆီး ခံလိုက်ရသည့် ပလက် ဝတံတား တည်ဆောက်ရေးစီမံကိန်း ပစ္စည်းများအား စီမံဆောင်ရွက်သွားမည့် အခြေအနေ၊ ပလက်ဝ-မီဇိုရမ်လမ်း ဖောက်လုပ်နေမှုနှင့် လမ်းဖောက်လုပ်နေသည့် ဝန်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်သွားမှု၊ မေယုတောင်ဖြတ်လမ်း ၄ လမ်း ဖောက်လုပ်နေမှု၊ ရခိုင်ပြည်နယ်ရှိ လမ်းတံတားစီမံကိန်းများ ဆောင်ရွက်နေမှုအခြေ အနေနှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတစ်ဝန်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်မည့်တံတားများ၊ တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ်မှု အခြေအနေနှင့် အများပြည်သူ နေထိုင် မှု၊ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ နေထိုင်ရန်အတွက် အိမ်ရာဖော်ဆောင်မှု၊ ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း စတင် ဆောင်ရွက်မည့်ကာလ၊ မြဝတီတံတားတည်ဆောက် ပြီးစီးမှုနှင့် မြန်မာ-ထိုင်းနိုင်ငံ ဆက်သွယ်သွားလာမှုအခြေအနေ၊ Eco Green City အကောင်အထည်ဖော် ဆောင် ရွက်နေမှု၊ ဆွာချောင်းတံတားပြင်ဆင် ဆောင်ရွက်နေမှု၊  ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးတစ်လျောက်ရှိ ကျူးကျော်ဈေး ဆိုင်များဖယ်ရှားသွားမည့် အစီအစဉ်တို့ကို မေး မြန်းကြသည်။


ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန တို့၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံငွေကျပ် တစ်သောင်းတန် ထုတ်လုပ်ရန် ဆောင်ရွက်နေမှု၊ Digital Currency နှင့် ပတ်သက် သည့် မူဝါဒ၊ အသက် အာမခံကုမ္ပဏီများကို ဖြေလျော့ ပေးသွားမည့် အခြေအနေ၊ ဒေါ်လာငွေတန်ဖိုး တည်ငြိမ်ရေး၊ ကုန်သွယ်ရေး လိုငွေပြမှု၊ SME လုပ်ငန်းများ၏ ချေးငွေအတိုးနှုန်း၊ ဗဟိုဘဏ်တွင် နိုင်ငံခြား အရံငွေထားရှိမှု၊ မြေယာ စီမံခန့်ခွဲရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဝန်ထမ်းများ ခန့်ထားမှုအခြေအနေ၊ မြို့နယ်/ခရိုင် များတွင် အမျိုးသမီး အုပ်ချုပ်ရေးမှူးများ ခန့်ထားမှု၊ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးဆောင်ရွက်နေမှု၊ နေပြည်တော်တွင် ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက် သည့် မူဝါဒ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိ သည့် အခြေ အနေများနှင့် အခက်အခဲ၊ စိန်ခေါ်မှုများကို မေးမြန်းကြရာ ဌာနအလိုက် ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။ 

မျိုးထွန်း၊ နန္ဒာဟန်