နေပြည်တော်  ၂၇  မေ 

 

ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး က နိုင်ငံတော်အစိုးရ၏ တတိယ (၁) နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားရှိသောဥပဒေများကို ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် လိုက်လျောညီထွေပြီး အစိုးရ၏မူဝါဒနှင့် ကိုက်ညီမှုရှိမည့် ပြည်သူလူထုတို့၏ အကျိုးစီးပွားကို ကာကွယ်သည့်ဥပဒေ ဖြစ်စေရေးတို့အတွက် လက်ရှိစီမံခန့်ခွဲလျက်ရှိသော ဥပဒေ ၂၂ ခု အနက် မူလအတိုင်းထားရှိမည့် ဥပဒေ ၈ ခု၊ ပြင်ဆင်ရေးဆွဲခဲ့သည့် ဥပဒေ ၁ ခု၊ ရုပ်သိမ်းပြီး အသစ်ရေးဆွဲခဲ့သည့် ဥပဒေ ၂ ခု၊ ရုပ်သိမ်းရန် အသစ်ရေးဆွဲလျက်ရှိသော ဥပဒေ ၈ ခု၊ ပြင် ဆင်ရေးဆွဲရန် ဆောင်ရွက်လျက်ရှိသည့် ဥပဒေ ၁ ခု၊ အသစ်ရေးဆွဲသည့် ဥပဒေ ၂ ခု တို့ကို ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း။

 

ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ရုံး ၂ ရုံး၊ နယ်မြေရဲစခန်း ၁၇ ခု၊ ရဲကင်းစခန်း ၆ ခု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ  ၄ ခုတို့အား အသစ် တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါကြောင်း။

 

နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နိုင်ငံဖြတ်ကျော် မှုခင်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမှုခင်းများနှင့် လူမှောင်ခို ရွှေ့ပြောင်း သွားလာ မှုခင်းများအပြင် အခြားမှုခင်းများကိုအပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့(ASEANAPOL)၊ ဥရောပရဲအဖွဲ့(EUROPOL)၊ နိုင်ငံအလိုက် ရဲအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တတိယ (၁)နှစ်တာကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ-တရုတ် နယ်စပ် ဆက်ဆံရေးရုံး ၂ ရုံး အသစ် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ဆက်ဆံ ရေးရုံး (BLO) စုစုပေါင်း ၁၃ ရုံးဖွင့်လှစ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

တတိယ (၁) နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများရောင်းဝယ်၊ ပျံ့နှံ့မှုကို တားဆီးနှိမ်နင်းရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် စီမံချက် ၁၁ ကြိမ် ရေးဆွဲဆောင်ရွက်ခဲ့ရာ အမှုပေါင်း ၂,၃၈၃ မှုနှင့် တရားခံ စုစုပေါင်း ၃,၃၃၉  ဦးကိုဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံသားများ ပြည်တွင်း ပြည်ပတွင် လူကုန်ကူးခံရမှုများအား ထိရောက်စွာ ကာကွယ်တားဆီးခဲ့ရာလူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်အရေး ယူမှု ၅၁၀ မှုရှိပြီး တရားခံပေါင်း ၁,၄၅၈ ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကာ လူကုန်ကူးခံရသူ ပေါင်း ၈၈၉ ဦးအား ကယ်တင် နိုင်ခဲ့ပါကြောင်း။ 

 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် စီးပွားရေးပြစ်မှုများနှင့် ဝန်ထမ်းမသမာမှု များ စုံစမ်းဖော်ထုတ်အရေးယူရေးတို့ကို ဆောင်ရွက်လျက်ရှိရာ တတိယ (၁)နှစ်တာကာလ အတွင်း ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သည့်အမှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်စုံစမ်း စစ်ဆေးခဲ့သည့်အမှုများနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က တာဝန်ပေးအပ်လာ သည့်အမှု စုစုပေါင်း ၅၂၈ မှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း။

 

ယင်းတို့အနက်မှ စီးပွားရေးဆိုင်ရာပြစ်မှု ၁၃၆ မှုနှင့်ထုတ်ပြန် ထားသော ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်သည့် ဝန်ထမ်း မသမာမှု ၁၅၉ မှုကို စုံစမ်းစစ်ဆေးနိုင်ခဲ့ပါကြောင်း။

 

DSC_2

 

အကျဉ်းဦးစီးဌာနသည် အကျဉ်းသူ၊ သားများ အကျဉ်းထောင်များအတွင်း နေရာ ကြပ်တည်းမှုများ ဖြေလျော့နိုင်ရေးအတွက် တတိယ (၁) နှစ်တာကာလအတွင်း အကျဉ်း ထောင် ၂ ခု၊ အချုပ်ထောင် ၂ ခုထပ်မံ ဆောက်လုပ်ပေးနိုင်ခဲ့ပြီး အကျဉ်းထောင် ၃ ခုနှင့် အချုပ်ထောင်  ၁ ခုတို့အား တိုးချဲ့ ဆောက်လုပ်ပေးလျက်ရှိပါကြောင်း။

 

အကျဉ်းသားများ၏ စားစရိတ်အနေဖြင့် အကျဉ်းထောင်ရှိ အကျဉ်းသား တစ်ဦးလျှင် တစ်နေ့ ၉၇၅ ကျပ်နှုန်း၊ စခန်းရှိ အကျဉ်းသား တစ်ဦးလျှင် တစ်နေ့ ၁၀ဝ၀ ကျပ် နှုန်းဖြင့် နေ့စဉ် ကျွေးမွေးလျက်ရှိပြီး အကျဉ်းသားလွတ်သူ တစ်ဦးလျှင် ခရီးစရိတ် တစ်မိုင်လျှင် ၃၅ ကျပ် နှုန်းနှင့် စားစရိတ်အဖြစ် တစ်ရက်လျှင် ၁၀ဝ၀ ကျပ်နှုန်း တိုးမြှင့် ထုတ်ပေးလျက်ရှိပါကြောင်း။

 

အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှုအနေဖြင့် အင်းစိန်၊ မန္တလေး၊ သာယာဝတီ စသည့် ဗဟိုအကျဉ်းထောင် ၃ ခုတွင် ခုတင် ၅၀ ဆံ့ဆေးရုံတစ်ခုစီနှင့် အင်းစိန် ဗဟိုအကျဉ်းထောင်တွင် တီဘီလူနာကုသဆောင် ဆောက်လုပ်ထားရှိပြီး အကျဉ်းသားလူနာ များကို ကုသပေးလျက်ရှိပါကြောင်း။

 

အကျဉ်းသား၊ အကျဉ်းသူများအား အတန်းပညာ ဆက်လက်သင်ကြားပေးခြင်းအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၁၀၄ ဦး ဝင်ရောက်ဖြေ ဆိုခဲ့ရာ အကျဉ်းသား ၄၃ ဦး၊ အကျဉ်းသူ ၄ ဦး အောင်မြင်ခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် ၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦး ထွက်ပေါ်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ၁၇၁ ဦး ဝင်ရောက် ဖြေဆိုထားပါကြောင်း။

 

အကျဉ်းသားများ အဝေးသင်တက္ကသိုလ် တက်ရောက်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် ပထမနှစ် ကျောင်းသား ၁၅ ဦး၊ ဒုတိယနှစ်ကျောင်းသား ၈ ဦး၊ တတိယနှစ် ကျောင်းသား ၄ ဦး၊ စတုတ္တနှစ်ကျောင်းသား ၁ ဦး၊ ပေါင်း ၂၈ ဦးဖြေဆို အောင်မြင်ခဲ့ပါကြောင်း။

 

မီးသတ်ဦးစီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ အထပ်မြင့်အဆောက်အအုံ စစ်ဆေး အကြံပြုခြင်း ဆောင်ရွက်ပေးခဲ့ရာ တတိယ (၁) နှစ်တာကာလအတွင်း  အထပ်မြင့် အဆောက် အအုံ ၆,၈၃၁ လုံးအတွက် စစ်ဆေးအကြံပြု ပေးနိုင်ခဲ့သဖြင့် ဆောင်ရွက်ပေးမှုမှရငွေ ၁၃,၁၄၄,၅၅၁ ကျပ်ကို နိုင်ငံတော်သို့ ပေးသွင်းနိုင်ခဲ့ပါကြောင်း။

 

age DSC_21

 

ခေတ်မီ၍ စွမ်းအားပြည့်ဝသော တပ်ဖွဲ့ဖြစ်စေရန်အတွက် ပိုလန်နိုင်ငံအစိုးရ နောက်ခံ အခြေပြု ဥရောပသမဂ္ဂ၏ တစ်စိတ်တစ်ပိုင်းကူညီထောက်ပံ့မှုချေးငွေ (Organization for Economic Co-operation and Development-OECD) မှ တရားဝင်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့ (Official Development  Assistance - ODA) အစီအစဉ်ဖြင့် ယူရိုသန်း ၅၀ ထောက်ပံ့ချေးငွေဖြင့် ခေတ်မီမီးငြှိမ်းသတ်ရေးယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ မီးသတ် အထောက်အကူပြုယာဉ်၊ စုစုပေါင်း (၇၅) စီးနှင့် စက်ကိရိယာများ၊ ဆက်စပ်ပစ္စည်းများ ဝယ်ယူ ခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအား ပိုလန်နိုင်ငံမီးသတ် တက္ကသိုလ်သို့ သွားရောက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စွမ်းရည်မြင့်မားအောင် ဆောင်ရွက်ခဲ့ပါကြောင်း။  

 

ထို့ပြင် မီးသတ်ဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်အပါအဝင် မတော်တဆ ဖြစ်စဉ် များတွင်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပါဝင်ကူညီ ဆောင်ရွက် ပေးလျက်ရှိရာ (၃)နှစ်တာကာလအတွင်းရှာဖွေကယ်ဆယ်ရေးဖြစ်စဉ် ၄,၉၈၅ ကြိမ်ရှိပြီး သေဆုံးသူ ၁,၇၆၅ ဦး၊ ဒဏ်ရာရရှိသူ ၇,၃၆၁ ဦး၊ ပျက်စီး ခဲ့သည့်အိမ်ခြေ ၁၂၁,၃၂၉ လုံး၊ ဒုက္ခရောက်ရှိခဲ့သူ ၃၀၃,၇၆၃ ဦးအား ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုး က ကာကွယ်ရေးဝန်ကြီးဌာနနှင့် United Nations Country Task Force on Monitoring and Reporting (UN CTFMR) တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်း စီမံချက်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ကော်မတီကို အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားရှိပါကြောင်း။

 

တပ်မတော်သို့ ဝင်ရောက်စဉ် အသက် ၁၈ နှစ် ပြည့်မြောက်ခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရသည့် စစ်သည် ၁၀၇ ဦးကို အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၂၀၁၈ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ၇၅  ဦး၊ ၂၀၁၉ ခုနှစ်  မတ် ၃၁ ရက်တွင် ၃၂  ဦး၊ စုစုပေါင်း ၁၀၇ ဦးကို အခမ်းအနားဖြင့် လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း။

 

တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူများ မပါရှိစေရေး အတွက် အရိုးဓာတ်မှန်ဖြင့် အသက်အရွယ် ပိုင်းခြားခြင်းစနစ်ကို အသုံးပြု၍လည်း တပ်သားလောင်း ၁၆၃၆ ဦးကို စစ်ဆေးနိုင်ခဲ့ခြင်းကြောင့် တတိယတစ်နှစ်တာကာလအတွင်း စုဆောင်းမှုနည်း လမ်းမမှန်ဘဲ မှားယွင်းစုဆောင်းခဲ့သည့်ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း။

 

တပ်မတော်အနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည်နှင့် အမိန့်တစ်စုံ တစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အလျင်မြန်ဆုံး သွားရောက်ကူညီ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတကာ တပ်မတော်များနည်းတူ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် ကျရောက်လာမည့် သဘာဝဘေးအန္တရာယ်များအပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်တိုအတွင်း တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိအောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလေးအနက်ညွှန်ကြားထားပြီး လိုက်နာဆောင်ရွက် လျက်ရှိပါကြောင်း။

 

နိုင်ငံတော်အစိုးရ၏ တတိယတစ်နှစ်တာကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ရာ သာသနိကအဆောက်အအုံများနှင့် လူနေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ပြီး ပြုပြင်ပေးခြင်းအနေဖြင့် ဘုန်းတော်ကြီးကျောင်း ၄ကျောင်း၊ အိမ်ခြေ ၄၆  လုံး၊ အိမ်ထောင်စု ၂၁၄  စုတို့ဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး စုစုပေါင်းတန်ဖိုး ငွေကျပ် ၄၉ သိန်းကျော် ထောက်ပံ့ပေးခဲ့ပါကြောင်း။

 

နိုင်ငံတော်အစိုးရ၏ တတိယတစ်နှစ်တာကာလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတို့တွင် သာသနိကအဆောက်အအုံများ၊ အစိုးရအဆောက် အအုံများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြုပြင်ပေးခြင်းအနေဖြင့် ဘုန်းတော်ကြီးကျောင်း ၁၈ ကျောင်း၊ စာသင်ကျောင်း ၁၅ ကျောင်း၊ ဆေးရုံ ၁  ရုံ၊ အိမ်ခြေ ၅၉၈ လုံး၊ အိမ်ထောင်စု ၁၀၂၀ စု တိ်ု့ဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး စုစုပေါင်းတန်ဖိုးငွေကျပ် ၄၅  သိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။

 

နိုင်ငံတော်အစိုးရ၏ တတိယတစ်နှစ်တာကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတို့တွင် သာသနိက အဆောက်အအုံများ၊ အစိုးရအဆောက်အအုံများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြုပြင် ပေးခြင်းအနေဖြင့် ဘုရားစေတီ ၂ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း၊ စာသင်ကျောင်း ၂၁ ကျောင်း၊ အိမ်ခြေ ၉၁ လုံး၊ အိမ်ထောင်စု ၁၈၃၄၇ စုတို့ဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ကုန်တန်ချိန် ၆ ဒသမ ၉၁ တန်၊  လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် သယ်ပို့ပေးမှု ခေါက်ရေ ၆ ခေါက် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၁၅ သန်းကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 

ဆည်၊ တမံကျိုးပေါက်မှု၊ ရေတိုက်စားမှုတို့ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ရေတာ ရှည်နှင့် ဆွာဘူတာအကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ရထား ဝန်ထမ်း ၅၀ ဦးနှင့် ရထားစီးခရီးသည် ၁၂၀၉ ဦးတို့ကို အပြန်အလှန် ပို့ဆောင်ပေးနိုင်ခဲ့ ပါကြောင်း။

 

မြောင်းမြကြိုးတံတားပျက်စီးမှုကြောင့် ခရီးသွားလာရေး အခက်အခဲရှိသည့် ပြည်သူ ၅၅၅၂၃၇ ဦးကို ၂၀၁၈ ခုနှစ် ဧပြီ ၁၄ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်အထိ တပ်မတော်(ရေ)မှ ကမ်းထိုးရေယာဉ် ၂ စီးဖြင့် ခေါက်ရေ ၁၂၄၃၂ ခေါက် သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပါကြောင်း။

 

ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဝေးလံခေါင်းပါး၍ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ် လျက်ရှိသော ကျေးလက်ဒေသများသို့ အထူးဆေးကုသရေးအဖွဲ့များစေလွှတ်၍ လူမျိုး၊ ဘာ သာ၊ အဆင့်အတန်းမခွဲခြားဘဲ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ပင်လယ်ကမ်းရိုးတန်းသွား ဆေးရုံရေယာဉ်(သံလွင်)နှင့် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) အပါအဝင် ဆေးရုံရေယာဉ်နှင့် အကူရေယာဉ် စုစုပေါင်း ၄ စီး တို့ဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်အထိ ဆေးကုသမှု ၅ ကြိမ် သွားရောက်ခဲ့ပြီး လူနာ ၃၉၃၅၂ ဦး ကို ဆေးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 

ပြည်သူလူထုအတွင်း အဖြစ်များသော  ရောဂါများအား ဓာတ်မှန်၊ တယ်လီဗီးရှင်း ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်၊ ECG တို့ဖြင့် စမ်းသပ်ရှာဖွေကုသပေးခြင်း၊ သွေးဖောက်စမ်း သပ်စစ်ဆေးခြင်း၊ အသေးစား၊ အကြီးစားနှင့် အရေးပေါ် ခွဲစိတ်ကုသမှုများ၊ မျက်စိခွဲစိတ်ကု သမှုများနှင့် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများအား ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အတွင်း ကျန်းမာရေးစောင့် ရှောက်ပေးမှု ၂ ကြိမ်၊ ဆေးကုသမှုဆိုင်ရာရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေး ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါနှင့် သွားရောဂါ စုစု ပေါင်း ၁၄၂၂၂ ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 

နိုင်ငံတော်အစိုးရ၏ တတိယတစ်နှစ်တာကာလအတွင်း တပ်မတော်တန်းမြင့် လေ့ကျင့် ရေးကျောင်းများနှင့် စစ်အခြေခံလေ့ကျင့်ရေးတပ်များတွင် တက္ကသိုလ်ဆရာ၊ ဆရာမ၊ ကျောင်း သား၊ ကျောင်းသူ ၁၈၅၀ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ယနေ့အထိ တက္ကသိုလ်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၀၄ ဦးတို့ကို လေ့ကျင့်သင် ကြား ပေးနိုင်ခဲ့ပါကြောင်း။

 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများကို တပ်မတော်လေ့ကျင့်ရေးတပ်များတွင် အခြေခံစစ်ပညာသင်တန်း လေ့ကျင့် သင်ကြားပေးနိုင်ခဲ့မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ၃၀၂ ဦး၊ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ၈၇၃၇ ဦး ဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့တွင် ၂၀၁၅ ခုနှစ်မှ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၇၂၃ ဦးကို စစ်ပညာလေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက် တာသက်ခိုင်ဝင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာ ပြုပြင်ပြောင်းလဲတိုးတက်မှုများအနေဖြင့် ဆရာဝန် သစ်လွင် (၃,၉၈၈)ဦး၊ သွားဆရာ ဝန် (၅၁၆)ဦး၊ သူနာပြု (၅,၆၈၁)ဦး၊သားဖွား (၃,ဝဝ၅)ဦး၊ သူနာပြု (၉၃၀)၊ ဆေးဘက် ကျွမ်းကျင်(၂,၄၀၈)ဦး၊ လက်ထောက် ကျန်းမာရေးမှူး (၃၈၁)ဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) (၃၀ဝဝ)ကို အသစ်ခန့်ထားနိုင်ခဲ့ပါကြောင်း။

 

တိုက်နယ်ဆေးရုံပေါင်း (၂၁)ရုံ၊ ဆေးရုံခုတင် အဆင့်မြှင့်တင်ခြင်း (၈)ခု၊ ကျေးလက် ကျန်းမာရေးဌာန (၇၁)ခု၊ ဌာနခွဲပေါင်း (၂၀)ကို ဖွဲ့စည်းပုံအသစ်တိုးချဲ့ ခွင့်ပြုပေးခဲ့ပါကြောင်း။

 

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့် ဆေးရုံကြီးများကို အဆင့်မြှင့်တင်ရေးလုပ်ငန်းအနေဖြင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်၊ အစာ အိမ်အူလမ်းကြောင်းနှင့် ရင်ခေါင်းခွဲစိတ်ဆောင်များပါဝင်သည့် တိုးချဲ့ခြောက်ထပ်လူနာဆောင်၊ ရန်ကင်းကလေးဆေးရုံကြီးတွင် နှလုံးရောဂါဝေဒနာရှင် ကလေးသူငယ်များကို ဆေးဝါးကုသမှု နှင့် ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ရန် Cardiac Complex ခြောက်ထပ်ဆောင်၊ ရန်ကုန် ခုတင် (၅၀ဝ)ဆံ့ အထူးကုဆေးရုံကြီးတွင် အသည်းနှင့်သည်းခြေလမ်းကြောင်း၊ ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ခန်းများ၊ ဓါတ်မှန်ခန်း၊ ICU များပါဝင်သည့် တိုးချဲ့ခြောက်ထပ်ဆောင်၊ အင်းစိန်အထွေ ထွေရောဂါကုဆေးရုံကြီးတွင် အရေးပေါ်လူနာများနှင့် အရိုးလူနာများအတွက် ခြောက်ထပ် လူနာဆောင်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါကုသဆောင် ငါးထပ်အဆောက် အအုံ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် မွေးကင်းစကလေးလူနာဆောင် ငါးထပ် ဆောင်၊ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံတွင် တိုးချဲ့ငါးထပ် လူနာဆောင်၊ မြောင်းမြ ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာများနှင့် ပြန်လည်သန်စွမ်းရေး လူနာများအတွက် တိုးချဲ့ လေးထပ်လူနာဆောင်များကို တိုးချဲ့တည်ဆောက် ပေးနိုင်ခဲ့ပါကြောင်း။ 

 

မြန်မာတစ်နိုင်ငံလုံးတွင် ၁၆ ခုတင်မှ ခုတင် ၂၀ဝ ဆံ့ အထိ စုစုပေါင်းဆေးရုံ (၁,၁၄၄)ရုံ၊ ဆေးရုံခုတင်ပေါင်း (၅၅,၂၆၆)ခုတင်၊ ဒေသန္တရ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန (၄၄၁)ခု၊ ကျေးလက်ကျန်းမာရေးဌာန (၁,၈၄၉)ခု၊ ဌာနခွဲပေါင်း (၈,၆၂၈)ခု၊ တိုင်းရင်းဆေးရုံ (၄၀)၊ တိုင်းရင်းဆေးခန်း (၂၁၀)တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါကြောင်း။ 


    
ဝန်ထမ်းများအတွက် (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာအခန်း (၆,၇၃၆) ခန်း ဆောက်လုပ်ပြီးစီးခဲ့ပြီး (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်တွင် တည်ဆောက်လျက်ရှိသော ဝန်ထမ်းအိမ်ရာအခန်း (၁၀,၃၇၇) ခန်း အများစုပြီးစီးမည်ဖြစ်ပါကြောင်း။

 

 (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်တွင် ဆေးဝါးအတွက် ငွေကျပ် (၉၈)ဘီလီယံနှင့် ဆေးပစ္စည်း အတွက် ငွေကျပ်(၆၀)ဘီလီယံခန့် ဝယ်ယူခဲ့ရာမှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် ဆေးဝါး အတွက် ငွေကျပ် (၁၂၀)ဘီလီယံနှင့် ဆေးပစ္စည်းအတွက် ငွေကျပ် (၆၄) ဘီလီယံခန့်အထိ နှစ်စဉ် တိုးတက် ဝယ်ယူခဲ့ပါကြောင်း။

 

(၃)နှစ်တာကာလအတွင်း အခြားထူးခြားသော ကုသရေးဆိုင်ရာ စွမ်းဆောင်မှုများ အနေဖြင့် ကျောက်ကပ်အစားထိုး ခွဲစိတ်မှုပေါင်း (၉၉)ကြိမ်၊ အသည်း အစားထိုး ခွဲစိတ်မှုပေါင်း (၃၃)ကြိမ်၊ ကလေးအသည်းအစားထိုးခွဲစိတ်ခြင်း (၁)ကြိမ်၊ ရင်ခေါင်းဖွင့် နှလုံးခွဲ စိတ်ကုသခြင်း (Open Heart Surgery) (၂,ဝ၇၆) ကြိမ်၊ နှလုံးသွေးကြောချဲ့ ကုသခြင်း (Cardiac Cath Lab) (၁၂,၉၈၃) ကြိမ်၊ ဦးနှောက်ခွဲစိတ်မှုအမျိုးမျိုး (Brain and Neurosurgery) (၁,ဝ၇၇)ကြိမ်၊ ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း (Bone Marrow Transplant) (၁၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

သားသမီးရလိုသူများအတွက် (Fertility Centre)ဌာနကို ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသားကို (၂၀၁၈)ခုနှစ်၊ ဇွန်လ(၁၂)ရက်တွင် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းသည် အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ပါ ကြောင်း။

 

ဆေးရုံဝန်ဆောင်မှု တိုးတက်စေရေးတို့အတွက် ဆေးလူမှုဝန်ထမ်းများကို  ခုတင်(၁၀ဝ) နှင့်အထက် ပြည်သူ့ဆေးရုံကြီးများတွင် ဆေးလူမှုဆက်ဆံရေးမှူး (၇၇၂) ဦး ခန်အပ်ခဲ့ပြီး ဝန် ဆောင်မှုများပေးလျက်ရှိပါကြောင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် အနယ်နယ်အရပ် ရပ်မှ ခရီးသည်များ၏ ကျန်းမာရေးပြဿနာများကို စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အောင် မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေးကားကွင်းများတွင် (၂၄)နာရီ ဆေးခန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း။

 

အမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)အရ မြို့နယ်ဆေးရုံများအတွက် ငွေကျပ် သိန်း (၈၅၀) တန်ဖိုးရှိ ဆေးပစ္စည်း (၃၃)မျိုး၊ ငွေကျပ်သိန်း(၁၀ဝ)တန်ဖိုးရှိ အဆင့်(ဂ) (Type C) ဓါတ်ခွဲခန်းသုံးပစ္စည်းများနှင့် လူနာတင်ယာဉ်များကို နှစ်အလိုက် ဦးစားပေးမြို့နယ်များ သတ်မှတ်၍ ဝယ်ယူဖြည့် ဆည်းပေးလျက်ရှိကာ ဆေးပစ္စည်း (၃၃)မျိုးကို (၂၀၁၆-၂၀၁၇)ခုနှစ် တွင် မြို့နယ်(၇၈)မြို့နယ်သို့ (၁၀ဝ)ရာခိုင်နှုန်း ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး (၂၀၁၇-၂၀၁၈)ခုနှစ်တွင် မြို့နယ်(၈၂)မြို့နယ်သို့ (၆၄)ရာခိုင်နှုန်း ဖြန့်ဖြူးပြီးစီးကာ ဆက်လက်၍ ဖြန့်ဖြူးပေးလျက်ရှိ ခြင်းနှင့် (၂၀၂၁)ခုနှစ်တွင် မြို့နယ်အားလုံး လွှမ်းခြုံဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုတို့ကို လျှော့ချနိုင်ရေးအတွက် မိခင်သေဆုံးမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကြောင့်(၂၀၁၁)ခုနှစ်တွင် မိခင်(၁၅၀ဝ) ကျော် သေဆုံးခဲ့ရာမှ (၂၀၁၈) ခုနှစ်တွင် သေဆုံးမှု (၈၀ဝ)အထိ လျော့ကျလာခဲ့ ပါကြောင်း။

 

မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် အသက်ငါးနှစ် အောက် ကလေးသေဆုံးနှုန်းသည် ၂၀၁၀ ခုနှစ်တွင် ကလေး (၁၀ဝ၀) မွေးပါက (၅၉)ယောက်နှုန်း ရှိရာမှ ၂၀၁၇ ခုနှစ်တွင် (၄၉)ယောက် နှုန်းသို့လည်းကောင်း၊ တစ်နှစ် အောက်ကလေး သေနှုန်းတွင်လည်း ၂၀၁၀ ခုနှစ်တွင် အရှင်‌မွေးက‌လေး (၁၀ဝ၀)တွင် (၄၆)ယောက်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် (၃၉)ဦးသို့လည်းကောင်း၊ မွေးကင်းစကလေး သေနှုန်းမှာလည်း ၂၀၁၀ ခုနှစ် တွင် အရှင်‌မွေးက‌လေး (၁၀ဝ၀)တွင် (၃၀)ရှိရာမှ ယခုအခါ  (၂၄)ဦးအထိ လျှော့ချနိုင်ခဲ့ပါကြောင်း။

 

ကျောင်းကျန်းမာရေးအနေဖြင့် တစ်နိုင်ငံလုံးရှိ ကျောင်းသားပေါင်း (၉ ဒသမ ၅) သန်း ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်နေပြီး (၂၀၁၈)ခုနှစ်အတွင်း ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို တစ်နိုင်ငံလုံးရှိ ကျောင်းအားလုံး တွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

ခုခံကျ၊ ကာလသားရောဂါတိုက်ဖျက်ရေးလုပ်ငန်းအနေဖြင့် HIV/AIDS လူနာများ အား ART ဆေးကို ယခင်က မြို့နယ်(၁၄၁)မြို့နယ် တွင်သာပေးခဲ့ရာမှ ယခုအခါ  မြို့နယ်ပေါင်း (၂၇၂)မြို့နယ်၌ ART ဌာန (၃၂၂)ခုတွင် တိုးချဲ့ကုသပေးနိုင်ခဲ့ပါကြောင်း၊ (၂၀၁၅) ခုနှစ်တွင် HIV ပိုးကူးစက်ခံထားရသူ လူ (၁၀ဝ,ဝဝဝ)ခန့်ကိုသာ ART ဆေးတိုက်ကျွေးနိုင်ခဲ့ရာမှ (၂၀၁၈) ခုနှစ်တွင် (၁၆၆,ဝဝဝ)ခန့်အထိ တိုးမြှင့်ကုသပေးနိုင်ခဲ့ပါကြောင်း၊ မက်သဒုန်း အစားထိုး တိုက်ကျွေးသည့်ဌာန (၄၁)ခုမှ (၅၅)ခုအထိ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးသွေးကြော အတွင်း ထိုးသွင်းသူများအနက် (၁၆,ဝဝဝ) ကိုလည်း မက်သဒုန်း အစားထိုးတိုက်ကျွေး လျက်ရှိပါကြောင်း။

 

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းအနေဖြင့် (၂၀၁၈)ခုနှစ်တွင် တီဘီလူနာပေါင်း (၁၃၅,၄၃၅)ဦးအား အခမဲ့ရှာဖွေ ကုသပေးခဲ့ပြီး ဆေးကုသမှု အောင်မြင်မှုနှုန်း (၈၇ ရာခိုင်နှုန်း) ရရှိအောင်ဆောင် ရွက်နိုင်ခဲ့ပါကြောင်း။

 

ငှက်ဖျားရောဂါကင်းစင်ရေး ရည်မှန်းချက်ကိုရရှိအောင် ဆောင်ရွက်လျက်ရှိရာ (၂၀၁၆) ခုနှစ်၌ ငှက်ဖျားဖြစ်ပွားသူ (၁ဒသမ၁)သိန်းရှိရာမှ (၂၀၁၈)ခုနှစ် တွင် (၆၈,ဝဝဝ) သာရှိပြီး (၂၀၁၈)ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ငှက်ဖျားကြောင့်သေဆုံးသူ (၁၄)ဦးသာ ရှိခဲ့ပါကြောင်း။

 

ဆင်ခြေထောက်ရောဂါကင်းစင်ရေးအတွက် တစ်ပြည်လုံးအတိုင်းအတာဖြင့် အမြစ်ပြတ် အောင်လုပ်ဆောင်နေပြီး လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းကို (၂၀၁၈)ခုနှစ်တွင် ဆင်ခြေထောက် ရောဂါအမြစ်တွယ် နေမှုရှိနေသေးသော ခရိုင်(၃၃) ခရိုင်ရှိ လူဦးရေ (၃၂) သန်းကို တိုက်ကျွေးနိုင်ခဲ့ပါကြောင်း။

 

အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအနေဖြင့် (၂၀၁၈)ခုနှစ်တွင် အနာကြီးရောဂါ လူနာသစ်ပေါင်း (၂,၂၁၄)ဦးကို ရှာဖွေ ဖော်ထုတ်ကုသမှုပေးနိုင်ခဲ့ပါကြောင်း။

 

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မွေးကင်းစအ ရွယ်မှစ၍ ကလေးများကို ကာကွယ်ဆေးထိုးသည့် အစီအစဉ်ဖြင့် ကာကွယ်ဆေး (၁၁)မျိုး ထိုးနှံပေးလျက်ရှိပြီး ပုံမှန်ကာကွယ်ဆေး အစီအစဉ်အတွက်  ကာကွယ်ဆေးများဝယ်ယူရန် နိုင်ငံတော်အစိုးရက အမေရိကန်ဒေါ်လာ (၆ ဒမသ ၇)သန်းနှစ်စဉ် ထည့်ဝင်သုံးစွဲလျက်ရှိပါကြောင်း။

 

အမျိုးသားအသည်းရောင် အသားဝါရောဂါ ထိန်းချုပ်ရေးစီမံချက်အနေဖြင့် အသည်း ရောင် အသားဝါ(စီ) ရောဂါကုသမှုလုပ်ငန်းအား (၂၀၁၇)ခုနှစ်၊ ဇွန်လမှ စတင်၍ နိုင်ငံပိုင် ဆေးရုံကြီး(၉)ရုံတွင် အသည်းရောင်အသားဝါ ရောဂါ(စီ)ပိုးရှိသူများအား ဆေးကုသမှုလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ (၂၀၁၈)ခုနှစ် ဒီဇင်ဘာလအထိ ရောဂါရှင် (၃,၇၈၀)အား Direct Acting Antiviral ဆေးဝါးများဖြင့် အခမဲ့ ဆေးကု သမှုပေးခဲ့ပါကြောင်း။ 

 

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၏ဆောင်ရွက်မှုများအနေဖြင့် လက်ရှိ တွင် ဒီပလိုမာဘွဲ့လွန်သင်တန်း (၁၂)ခု၊ မဟာသိပ္ပံသင်တန်း (၅၈)ခု၊ ပါရဂူဘွဲ့လွန်သင်တန်း (၁၅)ခု၊ ဆေးလက်တွေ့ပါရဂူဘွဲ့သင်တန်း (၄၅)ခု၊ စုစုပေါင်း ဘွဲ့လွန်သင်တန်းပေါင်း (၁၃၀)ခု ဖွင့်လှစ်သင်ကြားလျက်ရှိပြီး (၂၀၁၈)ခုနှစ်တွင် M.B.B.S အပါအဝင် ဘွဲ့လွန်၊ ဘွဲ့ကြိုဒီပလိုမာ နှင့် မဟာသိပ္ပံပါရဂူရရှိသူ စုစုပေါင်း (၆,၇၂၂)ဦး မွေးထုတ်နိုင်ခဲ့ပြီး (၃)နှစ်တာ ကလာအတွင်း စုစုပေါင်း (၂၄,၃၃၀) လေ့ကျင့် မွေးထုတ်ပေးခဲ့ပါကြောင်း။ 

 

သူနာပြုများကို တိုးမြှင့်လေ့ကျင့်မွေးထုတ်နိုင်ရေးအတွက် (၂၀၁၈-၂၀၁၉) ပညာသင်နှစ် မှစ၍ တိုးမြှင့်ခေါ်ယူဆောင်ရွက်လျက်ရှိရာ  ယခင်က တစ်နှစ်လျှင် သူနာပြုဆရာမ (၁,၈၀ဝ)ဦး ခေါ်ယူခဲ့ရာမှ (၂၀၁၈)ခုနှစ်တွင် (၃,၆၉၀) အထိ တိုးမြှင့်ခေါ်ယူခဲ့ပါကြောင်း၊ တစ်နှစ်လျှင် (၃၀ဝ)ဦး ခေါ်ယူခဲ့ရာမှ (၄၀ဝ)အထိ တိုးမြှင့်ခေါ်ယူခဲ့ပါကြောင်း။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဆောင်ရွက်မှုများအနေဖြင့် (၂၀၁၈) ခုနှစ်တွင် အစားအသောက် နမူနာပေါင်း (၆,၇၄၆)ခု စစ်ဆေးခဲ့ပြီး စားသုံးရန် မသင့် သော စားသုံးကုန်များကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေငြာခဲ့ပါကြောင်း။

 

(၂၀၁၈)ခုနှစ်တွင် ဈေးကွက်အတွင်းမှ ဆေးဝါးနမူနာ (၂၉၈)မျိုးကိုလည်း စစ်ဆေးပေး နိုင်ခဲ့ပြီးအွန်လိုင်းမှတစ်ဆင့် ဆေးဝါးမှတ်ပုံတင် လျှောက်ထားခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လမှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကုဌာနများတွင် သုံးစွဲမှုများပြီး အာနိသင် ထက်မြက် သည့် ဆေးဝါးများကို ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ကျပ် (၄ ဒသမ ၆၇)ဘီလီယံ အကုန်အကျခံပြီး ခေတ်မီတိုင်းရင်းဆေးစက်ရုံကြီး (မန္တလေး)ကို (၂၀၁၉) ခုနှစ် မတ်လတွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။

 

အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဆောင်ရွက်မှုများအနေဖြင့် ပြည်သူများအလွယ် တကူ လေ့ကျင့်ခန်းပြုလုပ်နိုင်ရန် Outdoor Fitness Equipment (၁,၁၂၇)ခုကို တိုင်းဒေသ ကြီး၊ ပြည်နယ်အားလုံးနှင့် သူနာပြု၊ သားဖွားသင်တန်း ကျောင်း (၅၀)တို့တွင်လည်း တပ်ဆင် ပေးခဲ့ပါကြောင်း။ 

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး (၂၉) ကြိမ်မြောက် ASEAN University Games ကို အိမ်ရှင်အဖြစ်  အောင်မြင်စွာ လက်ခံကျင်းပပေးနိုင်ခဲ့ပါကြောင်း။

 

အားကစားသိပ္ပံ(၆)ကျောင်းတွင် အားကစားသမားများကို လက်ရွေးစင် အားကစား သမားများအဖြစ် ပေါ်ထွက်လာအောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် B.Sc(Sports)ဘွဲ့ရ (၇၀)ဦးနှင့် B.Sc,Hons (Sports)ဘွဲ့ရ (၁၃)ဦး သင်ကြားမွေးထုတ်ပေး နိုင်ခဲ့ကာ ဝန်ကြီးဌာန၌ အားကစားမှူး၊ နည်းစနစ်မှူး ရာထူးနေရာများတွင် ခန့်အပ်တာဝန်ပေး လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက ပြည်ထဲရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဖမ်းဝရမ်းထုတ်ထားသူများအပေါ် ဝန်ကြီးဌာနမှ ဆောင် ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ် အင်းဒင်ကိစ္စနှင့်ပတ်သက်၍  ဖမ်းဆီးအရေးယူခြင်းခံနေ ရသော တပ်မတော်သား ၇ ဦးအား ပြန်လည်လွှတ်ပေးသည့် သတင်းများထွက်ပေါ်နေမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန၏ သဘောထားအမြင်၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရယူမှု လွယ်ကူအဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးရေး၊ ကုမ္ပဏီ ၃ခုနှင့် ပတ်သက် သည့် လူကုန်ကူးမှုကိစ္စကို အရေးယူဆောင်ရွက်ထားရှိမှု၊ ဝန်ကြီးဌာနတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရေအတွက်၊ အဆိုပါဥပဒေများ၏ အကျိုးသက်ရောက်မှု၊ တရုတ်နိုင်ငံသားများက မြန်မာအမျိုးသမီးများအား ငွေကြေးဖြင့်သိမ်းသွင်း၍ လက်ထပ်ထိမ်းမြားမှုတွင် လူကုန်ကူးမှုဖြင့် တရားစွဲဆိုထားရှိမှုအခြေအနေ၊ ပုသိမ်ကြီးမြို့နယ် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ကိစ္စတွင် Live လွှင့်သည့် သတင်းထောက်အပေါ် အရေးယူဆောင်ရွက်မှု၊ နိုင်ငံတော် သမ္မတ ရုံးက ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးအထူးသတင်းဌာနသို့ တိုင်ကြားမှုအရေအတွက်၊ တိုင်ကြားသူများအားချီးမြှင့်မှုအခြေအနေ၊ ရန်ကုန်မြို့တွင် ဖမ်းမိသည့် သီရိလင်္ကာနိုင်ငံသား အား ဆက်လက်အရေးယူဆောင်ရွက်မည့် အခြေအနေ၊ အကျဉ်းထောင်များ ဆူပူမှုဖြစ်စဉ်တွင် အကျဉ်း သားများက Live လွှင့်ခဲ့မှု၊ လူသေဆုံးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ အစီရင်ခံစာထုတ် ပြန်မည့် အခြေအနေ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တပ်မတော်က သိမ်းယူထားသည့် မြေယာများအား ပြန်လည်စွန့်လွှတ်ရာတွင် ကျင့်သုံးလျက်ရှိ သည့်မူဝါဒ၊ ယခုအစိုးရလက်ထက်တွင် စည်းကမ်းဖောက်ဖျက်မှုကြောင့် အရေးယူထားသည့် တပ်မတော်သားအရေအတွက်၊ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများဖြစ်သည့် မြောက်ဦးဒေသ နှင့် မန္တလေး နန်းတွင်းနေရာများတွင် တပ်မတော်စခန်း များရှိနေမှု၊ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းများသည် နိုင်ငံတော်အစိုးရ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုမှု ရှိ မရှိ၊ တပ်မတော်အတွင်း အဂတိ လိုက်စားမှုများအား အရေးယူဆောင်ရွက်မှု အခြေအနေ၊ မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံ စည်းရိုး ပြီးစီးမှုအခြေအနေ၊ ၃ နှစ်တာကာလအတွင်း အသုံးပြုခဲ့ သည့် စစ်ပွဲအသုံးစရိတ်၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဖက် အရပ်ဖက် ဆက်ဆံရေးအခြေ အနေတို့နှင့် စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ 

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်တွင်းမှ ထုတ်လုပ်သည့် ဆားများတွင် အိုင်အိုဒင်းပါဝင်မှုအချိုးအစားနှင့် ပြည်ပမှတင်သွင်းသည့် ဆားများကို အစားအသောက်နှင့် ဆေးဝါးကွပ်ရေးဦးစီးဌာနမှ စစ်ဆေး ဆောင်ရွက်နေမှု၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အာဟာရမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်နေမှု၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် ဘတ်ဂျက်သုံးစွဲမှု အခြေအနေ၊ ၂၀၁၇ ခုနစ်တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေ၊ ခွေးရူးပြန်ရောဂါ ပပျောက်ရေးဆောင်ရွက်နေမှု၊ လက်ရှိအနေအထားအရ ဆရာဝန်လိုအပ်ချက်ကို ပြည့်မီ အောင်ဆောင်ရွက်ရေးအစီအစဉ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများ အရေးယူခံရမှုအခြေအနေ၊ လူတိုင်းအကျုံးဝင်သည့် ကျန်းမာရေးစနစ်ဖြစ်အောင် ဆောင်ရွက် မည့် အစီအမံ၊ ကျောင်း၊ ဆေးရုံများတွင် မသန်စွမ်းသူများအတွက် ဆောင်ရွက်မည့် အစီအစဉ်၊ မြန်မာနိုင်ငံတွင် အရက်စွဲသူများပြားလာမှုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန် ထမ်းများထုတ်ပယ်ခံရမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ မေးခွန်းများမေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ 

 

သတင်း- ထွန်းနန္ဒာကျော်

 

DSC_21