ပြည်သူဗဟိုပြု နိုင်ငံရေးနှင့် ပြည်သူ့ပါတီ

၃ ဇန်နဝါရီ

 

နိုင်ငံတစ်နိုင်ငံ၏သမိုင်းသည် ပြည်သူများ၏ သမိုင်းပင်ဖြစ်ကြောင်း စာရေးသူ ဝင်းထွဋ်ဇော် စီစဉ်ရေးသားသည့် ပြည်သူဗဟိုပြု နိုင်ငံရေးနှင့် ပြည်သူ့ပါတီ စာအုပ် ထွက်ရှိလာသည်။

 

 

သမိုင်းကို ပြည်သူများကဖန်တီးခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏သမိုင်း သည် ပြည်သူများ၏သမိုင်းပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူကို တကယ်ဗဟိုပြုသည့် ပြည်သူ့ပါတီစစ်တစ်ရပ်ရှိမှသာ အဆိုပါနိုင်ငံသည် ပြည်သူများပါဝင်သည့် နိုင်ငံရေးဖြစ်လာနိုင်ကြောင်း၊ နိုင်ငံရေးတွင် ပြည်သူ များ ပါဝင်မှုအားကောင်းလာမှသာ၊ ပြည်သူကို ဗဟိုပြုသည့် နိုင်ငံရေးဖြစ်လာမှ သာ ထိုနိုင်ငံတွင် အာဏာရှင်စနစ် လွှမ်းမိုးခြင်းမရှိဘဲ ဒီမိုကရေစီအားကောင်း လာမည်ဖြစ်ကြောင်း အဆိုပါစာအုပ်တွင် ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်