ကောလင်း ၂၀ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ပုံအုပ်စု၊ တောင်ပုံကျေးရွာတို့ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကို ဇန်နဝါရီ ၁၉ ရက် နေ့လယ် ၁၂ နာရီက တောင်ပုံကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုမောင်က ပြည်သူ့စကားဝိုင်းများ ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဆန်းညွှန့်လွင်၊ မြို့နယ်ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူး ဦးမောင်ပုတို့က မိမိတို့ဌာနများ၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။ ထိုနောက်တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာအတွက် လိုအပ်သည်များကိုမေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN