ရန်ကုန်၊   ၃၀   ဒီဇင်ဘာ

 

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအပါအ၀င် ရန်ကုန်ပြည့်သူ့ဆေးရုံကြီးနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးအသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ (Child Fund Myanmar)မှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ဒီဇင်ဘာ ၂၉ ရက် နံနက်က ပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံ ကလေးသူငယ်ရန်ပုံငွေအဖွဲ့မှ Country Director ဒေါက်တာ ၀င်းမေထွေးနှင့် တာ၀န်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်၊   ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး၊ ဗဟိုအမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်တို့အား ကိုဗစ်-၁၉ ပစ္စည်းများကို ပေးအပ်ကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

လှူဒါန်းမှုတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွက် Mask Surgical 50 pc ၁၀၀၀ စီ၊ Sanitizer, 9L ၅၀ စီ၊ PPE ၁၀၀၀ စီ၊ Face Shield With Frame ၂၇၀ စီ၊ Surgical Glove, 50 pairs ၂၅၀ စီကိုလည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံကြီးအတွက် Mask Surgical 50pc ၄၀၀၊ Sanitizer, 9L ၅၀ စီ၊ PPE ၈၀၀၊ Face Shield With Frame ၂၇၀ ၊ Surgical Glove, 50 pairs ၂၅၀ တို့ကို လှူဒါန်းခဲ့သည်။

 

မြန်မာနိုင်ငံ ကလေးသူငယ်ရန်ပုံငွေအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ဇူလိုင်အတွင်းက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန အောက်ရှိ ဦးစီးဌာနခု နှစ်ခုတွင် လှူဒါန်းခဲ့ပြီးဖြစ်သည်။ ယခုလှူဒါန်းမှုအတွက် ငွေကျပ်သိန်း ၄၃၀ ကျော် အသုံးပြုခဲ့ပြီး ကိုရီးယားကလေးသူငယ်ရန်ပုံငွေအဖွဲ့က ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံကလေးသူငယ်ရန်ပုံငွေအဖွဲ့သည် ဩစတြေးလျ ကလေးသူငယ်ရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံ အခြေစိုက် ရုံးဖြစ်သည့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊ ပညာရေးနှင့် လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ရေးအတွက် ဦးတည်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပြီး ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ချေလျှော့ချရေးကိုလည်း ပူးတွဲဆောင်ရွက်လျက်ရှိသည်။

 

အာကာစိုး