နေပြည်တော် ၁၅ ဩဂုတ်
ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၉) ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ရုံး (၁၂)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာကော်မတီ အတွင်းရေးမှူးဦးဇုံးတိန့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ(၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း အတည်ပြုခဲ့သည့်အဆိုများ၊ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများအား ဓာတ်ပုံမှတ်တမ်းနှင့်တကွ ကော်မတီသို့တင်ပြပေးပို့ရန်နှင့် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်များက လွှတ်တော်အစည်းအဝေးများအတွင်း အတည်ပြုခဲ့သည့်အဆိုများ၊ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြမေးခွန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိနေသော လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


