နေပြည်တော် ၄ ဒီဇင်ဘာ
ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်သည် Unicef Myanmar အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ အနာဂတ် မျိုးဆက် ကလေးသူငယ်များအခန်းကဏ္ဍ မြှင့်တင်သွားနိုင်ရေး၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာကိစ္စရပ်များတွင် ပိုမိုထိရောက်သော အကူအညီများပေးနိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ်များတွင် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီများ ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေး ပိုမိုအကျိုးဖြစ်ထွန်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်