နေပြည်တော် ၆ ဒီဇင်ဘာ
ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်သည် ကနေဒါနိုင်ငံ Ontario ပြည်နယ် အမတ်ဟောင်း Ms. Monique Marthe Smith အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-12) အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်ကော်မတီ၏ တာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းဆောင်တာများနှင့် ဥပဒေရေးရာကိစ္စ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုကိစ္စ၊ ကော်မတီက ဆောင်ရွက်နေမှုများအပေါ် WFD မှ ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)