နေပြည်တော် ၁၈ ဒီဇင်ဘာ

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်သည် National Democratic Institute (NDI) မှ Resident Program Assistant, Ms. Hana Hseita အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကနေဒါနိုင်ငံနှင့်  တောင်အာဖရိကနိုင်ငံများရှိ အောက်လွှတ်တော်များ၏ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီနှင့်ပတ်သက်၍ ဆောင်ရွက်နေသော သုတေသနအစီရင်ခံစာတို့အား တင်ပြသည်။ ထို့ပြင် စီးပွားဖြစ်လိင်လုပ်သားများနှင့် သက်ဆိုင်သော မူဝါဒအမျိုးအစားများကို NDI မှ ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များမှ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်