နေပြည်တော် ၁၂ ဇူလိုင်
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဒေါ်ခင်စန်းလှိုင်သည် China Exi mbank မှ Ms. Wen Hong နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ လမ်းတံတားကဏ္ဍစသည့် ကဏ္ဍပေါင်းစုံအတွက် ချေးငွေထောက်ပံ့ပေးခြင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ Micro Finance Project (အသေးစားချေးငွေလုပ်ငန်း)နှင့်ပတ်သက်၍ တရုတ်-မြန်မာနှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)