နေပြည်တော် ၄ ဒီဇင်ဘာ
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် ICCO Cooperation အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ်(I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံမှုမှသည် ပို့ကုန်မြှင့်တင်နိုင်မည့် သုတေသနရလဒ်များအား ဆွေးနွေး တင်ပြခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးမြင့်မားရေးနှင့် ကုန်သွယ်မှု တိုးတက်စေရေးဆိုင်ရာ မူဝါဒရေးရာ အကြံပြုချက်များနှင့် စိုက်ပျိုးရေးနှင့် ပတ်သက်၍ တောင်သူအစုအဖွဲ့များ ဖွဲ့စည်းပြီး စွမ်းဆောင် ရည်မြှင့်တင်ပေးနိုင်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်