နေပြည်တော် ၆ ဩဂုတ်
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် ရွှေမြေကြီးကိုယ့်အားကိုယ်ကိုး ဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်ကျော်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လုပ်ဆောင်လျက်ရှိသော အော်ဂဲနစ် စိုက်ပျိုးရေးနည်းပညာများဖြင့် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ လုပ်ငန်းအတွေ့အကြုံများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များများကို ဆွေးနွေးကြသည်။
သတင်းစဉ်


