နေပြည်တော် ၆ စက်တင်ဘာ
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် အာရှ-မြန်မာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းများ စီမံခန့်ခွဲရေးအဖွဲ့မှ Project Coordinator Mr. Arie de Jong ဦးဆောင်သောအဖွဲ့နှင့် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-10) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေး သိပ္ပံကျောင်းများကို စိုက်ပျိုးရေးကောလိပ်အဖြစ် အဆင့်မြှင့်တင်ရေး၊ စိုက်ပျိုးရေး တက္ကသိုလ်များတွင် ဆရာ၊ ဆရာမများအတွက် Agricultural Teacher Training Unit ပေးနိုင်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


