နေပြည်တော် ၁၈ ဒီဇင်ဘာ 

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးသမဂ္ဂအဖွဲ့ချုပ် (AFFM) အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်မှ ချမှတ်ကျင့်သုံးလျက်ရှိသော မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာနှင့် ရင်နှီးမြှပ်နှံမှုအစီအစဉ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတောင်သူ လယ်သမားနှင့် စိုက်ပျိုးရေးသမဂ္ဂအဖွဲ့ချုပ် (AFFM) က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ညှိနှိုင်းဆွေးနွေးကြသည်။

သတင်းစဉ်