နေပြည်တော် ၂၄  ဇန်နဝါရီ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်းသည် GIZ – BFSD အဖွဲ့အား ယနေ့နံနက် ၈ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများထိခိုက် ဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်ရန်၊ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နှင့် စိုက်ပျိုးသီးနှံအာမခံချေးငွေများ နှင့်ပတ်သက်၍ စိုက်ပျိုးရေးအာမခံလုပ်ငန်းဆိုင်ရာ နည်းပညာများ အကူအညီပေးရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာတင်ပြဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

(သတင်းစဉ်)