နောင်ချို ၂၁ အောက်တိုဘာ
ပြည်သူ့လွှတ်တော် ဒုတိယဉက္ကဌ ဦးထွန်းထွန်းဟိန်နှင့် ဌာနဆိုင်ရာများ ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနားကို နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဒုတိယဉက္ကဌ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က လွှတ်တော် အတွေ့အကြုံများကိုလည်းကောင်း၊ ကျေးလက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် ဦးမျိုးမင်းထွန်းက မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းမှုနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျေးရွာပြည်သူများမှ မိမိတို့၏ ကျေးရွာအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ပြည်သူ့လွှတ်တော် ဒုတိယဉက္ကဌ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၊ ဌာနဆိုင်ရာများက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ပြန်လည်ရှင်းလင်းဖြေကြား ပြီး ညှိနှိုင်းပေါင်းစပ်ပေးသည်။
ယနေ့ အခမ်းအနားသို့ ဆမ္မဆယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာပြည်သူလူထု ၃၀ဝ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နောင်ချို ပြန်/ဆက်