ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း ADB မှ Mr. NewinSinsiri နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၂၉  ဇူလိုင် 


ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ   ဒေါက်တာ စံရွှေဝင်းသည် ADB မှ Mr. NewinSinsiri နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ကူးစက်ရောဂါမဟုတ်သည့် ရောဂါများတားဆီးကာကွယ်ခြင်းနှင့် ကုသခြင်းတိုး တက်မှုဆိုင်ရာကိစ္စရပ်နှင့်စပ်လျဉ်း၍ ADB၏ ချေးငွေအထောက်အပံ့ဖြင့် မကူးစက်တတ်သောရောဂါ များတွင်ပါဝင်သည့် ကင်ဆာရောဂါအမျိုးမျိုးအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ၊ ကာကွယ် ရေးလုပ်ငန်းများ၊ ကျန်းမာရေးဝန်ထမ်းများ၏အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများ၊ လိုအပ်သည့် ကုသရေးဆိုင်ရာ စက်ကိရိယာများဝယ်ယူခြင်းများနှင့် အဆင့်မြှင့်တင်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 


(သတင်းစဉ်)