နေပြည်တော် ၃၀ ဇူလိုင် 

ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းသည် WFD မှ Sir Hugh Bayley နှင့်အဖွဲ့အားယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I–13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆေးဝါးဝယ်ယူတင်သွင်းဖြန့်ဖြူးရေးနှင့် ပဋိဇီဝဆေးသုံးစွဲမှုဆိုင်ရာ ဆွေးနွေးပွဲ ရလဒ်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်