နေပြည်တော် ၃ စက်တင်ဘာ   

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Trible Circle Industry Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်မော်မော်သိန်းနှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် Trible Circle Industry Co.,Ltdမှ ထုတ်လုပ်သော Gold Mount Wire & Cable နှင့် အဆင့်မြင့် wire & cable ကြိုးအမျိုးအစားများ ထုတ်လုပ်နေမှုများ၊ အသုံးပြုဆောင်ရွက်နေသော နည်းပညာများ၊ စက်ပစ္စည်းများအား ရှင်းလင်းတင်ပြပြီး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်သုံးသပ် အကြံပြုဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်