နေပြည်တော် ၂၆ နိုဝင်ဘာ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် The World Bank အဖွဲ့အား ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရ၏ National Electrification Plan (NEP) စီမံကိန်းတွင် World Bank အခန်းကဏ္ဍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေအား အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး ၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်းချက်များအပေါ် ကမ္ဘာ့ဘဏ်၏ ဆက်လက်ကူညီဆောင်ရွက်မည့် အစီအမံများ၊ စီမံကိန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်