နေပြည်တော် ၁၇ စက်တင်ဘာ
ပြည်သူ့လွှတ်တော်၊ လွှတ်တော် စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်သည် Facebook Myanmar Team မှ Mr. KhoeReh နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Facebook Myanmar Teamအဖွဲ့အနေဖြင့် လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ လူမှုကွန်ယက်နည်းပညာ အသုံးပြုဆောင်ရွက်ရာတွင် သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ နည်းပညာကဏ္ဍမြှင့်တင်သွားနိုင်ရေးနှင့် လွှတ်တော်ဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုရရှိနိုင်ရေး၊ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်


