နေပြည်တော် ၅ ဒီဇင်ဘာ
ပြည်သူ့လွှတ်တော်၊လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင် သည် UK Department for International Development (DFID) အဖွဲ့မှ Dr. Rurik Marsden အား ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင် မှုဆိုင်ရာများ၊ လွှတ်တော်၏ သုတေသနနှင့် ကော်မတီများဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးနေမှုများနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်


