နေပြည်တော်   ၉    ဒီဇင်ဘာ

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောသည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ပြန်လည်ကုစားရေးဆိုင်ရာ အကြံပြုချက်များနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ လျော့နည်းသွားရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)