နေပြည်တော် ၁ ဩဂုတ်
ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ NHRis Expert (Asia Pacific Forum of National Human Rights Institutions (APF) Ms. Mohottalalage Thanuja Dayadari Navartne နှင့်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ အာရှ - ပစိဖိတ်ဒေသအတွင်း ကော်မရှင်၏ ပါဝင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာလုပ်ငန်းစဉ် (၂၀၂၀ - ၂၀၂၄) နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


