နေပြည်တော် ၁၈ ဇွန်
ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ပြည်သူ့ ကွန်ဂရက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Cheng Siqu နှင့် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ် - မြန်မာ နှစ်နိုင်ငံအစိုးရနှင့် လွှတ်တော်များအကြား ချစ်ကြည်ရေး ပိုမိုကောင်းမွန်လာစေရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုလုပ်ငန်းများအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)