နေပြည်တော်  ၁၆   မေ 

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးဇော်သိန်းသည် ဆွီဒင် သံမှူးကြီး Mr. Johan Hallenborg နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-5) ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဆွီဒင်နိုင်ငံနှင့်မြန်မာနိုင်ငံတို့၏ လွှတ်တော်များနှင့်နှစ်နိုင်ငံအစိုးရများ၏ ကောင်းမွန်သောဆက်ဆံရေး၊ ဆွီဒင်နိုင်ငံ၏ရင်းနှီးမြှပ်နှံမှုများ၊ ဆွီဒင်နိုင်ငံကမြန်မာနိုင်ငံသို့ပေးအပ် လျက်ရှိသော လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့်အကူအညီများ၊ မြန်မာနိုင်ငံ လွှတ်တော်တွင် လက်ရှိကြိုးပမ်းလျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်များ၊ ပြည်ထောင်စုလွှတ်တော်ရှိ ဉပဒေကြမ်းကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ပုံကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။  

 

(သတင်းစဉ်)

 

I-5 (1