နေပြည်တော်  ၂၈  နိုဝင်ဘာ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  UNHCR မှ ကမ္ဘာတစ်ဝှမ်းတွင် အကူအညီပေးလျက်ရှိသော ကမ္ဘာလုံး ဆိုင်ရာလုပ်ငန်းစီမံချက် ၂၀၁၄-၂၀၂၄ နှင့်ပတ်သက်သည့် လုပ်ငန်းအစီအမံများ၊ UNHCR မှ ပံ့ပိုးပေးနိုင်သောအကူအညီပေးရေးအစီအစဉ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမြှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)