နေပြည်တော် ၅ နိုဝင်ဘာ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး မစ္စတာ ဇာဟိုင်ရီဘင်ဘာဟာရင်းမ်ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မလေးရှား-မြန်မာ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ ပို့ဆောင်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် e-Government ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကူးသန်းရောင်းဝယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာများ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်


