နေပြည်တော် ၆ ဩဂုတ် 

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည်     Speyside Group (Myanmar) ၏ ဒါရိုက်တာဒေါ်မွန်ဇာမျိုးအောင်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် e – Government ၊ Cyber Security နှင့် သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ Data Center များ တည်ဆောက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

သတင်းစဉ်