နေပြည်တော် ၁၇ ဇူလိုင်
ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များသည် Telecom International Myanmar Co.,Ltd (Mytel) မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Mytel ကုမ္ပဏီအနေဖြင့် လက်ရှိလုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်မည့် နည်းပညာအထောက်အပံ့များအား အကူအညီပေးမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်ရေး အော်ပရေတာနှင့်ပတ်သက်၍ လုပ်ငန်းအခက်အခဲများ တင်ပြဆွေးနွေးခဲ့ရာ ကော်မတီအဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
သတင်းစဉ်


