နေပြည်တော် ၁၇ ဇူလိုင် 

 

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Telenor Myanmar Co.,Ltd မှ တာဝန်ရှိသူများအား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


    
တွေ့ဆုံစဉ် Telenor ကုမ္ပဏီ၏ ဆက်သွယ်ရေးကွန်ယက်များနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ လုပ်ငန်းလိုင်စင်ရရှိပြီး ၅ နှစ်တာအတွင်း တိုးတက်ကောင်းမွန်လာသော လုပ်ငန်းအခြေအနေများ၊ USF ရန်ပုံငွေဖြင့် လူဦးရေနည်းပါးသောဒေသများတွင် ဆက်သွယ်ရေး တာဝါတိုင်များတည်ဆောက်နိုင်ရေး၊ MCRC ဥပဒေနှင့် ဆိုက်ဘာလုံခြုံရေးဥပဒေများ ရေးဆွဲပြဌာန်းနိုင်ရေးနှင့် Green Energy စနစ်ဖြင့် တာဝါတိုင်များအား စွမ်းအင်ပေးရန်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းအခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ ကော်မတီအဖွဲ့ဝင်များမှပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

သတင်းစဉ်