နေပြည်တော် ၃၁ ဇူလိုင် 

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် သန္ဓီအုပ်ချုပ်စီမံမှုအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ဝင်းအား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိအခြေခံအဆောက်အဉီ လိုအပ်ချက်များကိုဖြေရှင်းရန် အခြေခံအဆောက်အဉီ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရ - ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်