နေပြည်တော် ၁၅   နိုဝင်ဘာ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဦးဝင်းထွဋ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျီလင်းပြည်နယ်ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီဒုတိယဥက္ကဋ္ဌ Ms.Che Xiulan နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင် အမှတ် (I-9) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေး ထုတ်ကုန်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်နိုင်မှု အခွင့်အလမ်း ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

 

mdn